Ep - 14

662 70 44
                                    

" အစ်ကို မက်သရူး "

အသံကြားလို့ စာအုပ်တစ်အုပ်ဖတ်နေရာကနေ အကြည့်ခွာကာ အဝင်ဝတံခါးနားကို မက်သရူး လှမ်းကြည့်မိတော့ တံခါးနားရပ်နေသည့် ယူဂျင်း..။

" လာ လေ ယူဂျင်း...မင်း တို့ ခေါင်းဆောင် ဘာ စခန်းထ ပြန်ပြီလဲ.."

" ကျွန်တော် ဒီအတိုင်း အစ်ကို နဲ့ စကားပြောချင်လို့လာတာ.. "

ယူဂျင်း စကားကြောင့် မက်သရူး သူ့ကုတင်ဘေးက ခုံတန်းလေးကို မေးငေါ့ပြပြီး 'လာထိုင်လေ' ဟု လေသံလေးနဲ့ပြောလိုက်တော့ ယူဂျင်းက ခုံတန်းမှာဝင်ထိုင်လိုက်သည်။ ဘယ်ကနေ စကားစပြောလို့ပြောရမှန်း မသိဖြစ်နေတာကြောင့် သူ့ ခေါင်းကို ငုံ့ချကာ လက်နှစ်ဖက်ကို စုကိုင်ထားပြီး လက်မ နှစ်ဖက်ကို အချင်းချင်း ပွတ်ချေနေသည်..။

" ပူပန်စရာတစ်ခုခုရှိနေတာလား..ယူဂျင်း..."

မက်သရူး က ယူဂျင်း အခြေအနေကို ရိပ်မိတော့ စာအုပ်ကိုပိတ်ကာ စားပွဲပေါ် လှမ်းတင်လိုက်ပြီး ယူဂျင်း လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။

" ခေါင်းဆောင် ဘင်း က ကျွန်တော့် ကို မြက်ခင်းစိမ်းအ‌ဆောင်က ဂယူဗင်း ဆီ.............@# ..........."

ယူဂျင်းက ခေါင်းဆောင် ဘင်း သူ့ကို ပြောသည့်စကားမှန်သမျှကို မက်သရူး အား ပြောပြလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်..။

" အစ်ကို သိတဲ့အတိုင်းပဲ မိုဂျီဂျူး ကိစ္စ ဖြစ်ပြီးကတည်းက ကျွန်တော် ခေါင်း‌ဆောင် ဘင်းအပေါ် မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေတယ်.. ပြီးတော့ အခုအချိန်မှာ ကျွန်တော် အယုံကြည်ဆုံးက အစ်ကိုပဲ.. အဲ့ဒီတော့ ကျွန်တော် ဘာလုပ်သင့်လဲ အစ်ကို မက်သရူး .."

ယူဂျင်း ရဲ့ အားကိုးတကြီး မေးလာသည့်စကားကြောင့် မက်သရူး ယူဂျင်း လက်ကို ပိုလို့ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်..။

"ယူဂျင်း ဘယ်လမ်းကိုရွေးရွေး ယူဂျင်း အတွက် safeဖြစ်မှာပါ.. ခေါင်းဆောင် ဘင်း က တခြားကိစ္စတွေမှာတော့ မပြောတတ်ပေမယ့် ယူဂျင်း ကိုတော့ အလုံခြုံဆုံးနေရာကို ပို့ထားဖို့ စဉ်းစားထားတဲ့ပုံပါပဲ.. အစ်ကို လည်း ယူဂျင်း က ဂယူဗင်း နားရှိရင် လုံခြုံလိမ့်မယ်လို့တွေးမိတယ်.."

End PointDonde viven las historias. Descúbrelo ahora