Present >>>>>>>>>>>
>>>>>>>>>>>> Past
သူတို့ Batch 2 က ကလေးတွေ Batch 1 ပူးပေါင်းပြီး နှစ်ယောက်တစ်တွဲ အဖွဲ့တွေချပေးသည့် အချိန်တွင် အသက် ၈ နှစ်သာရှိသေးသည့် 2.0 အတွက် ပါတနာရှိမနေခဲ့..။
" သူများအဖွဲ့တွေက ၂ ယောက်ဆိုတော့ လေ့ကျင့်ရေး တိုက်ခိုက်ရေး သင်ကြားရေး အပိုင်းတွေကို တာဝန်ခွဲယူပြီး အမှတ်တွေ မျှယူလို့ရတယ်.. မင်းက တစ်ယောက်တည်းဆိုတော့ ဖြစ်ပါ့မလား.."
ပိန်ပိန်ပါးပါး 2.0 ကို ခေါင်းဆောင်ဟု ထင်ရသူက နဖူးက ခြေမအဆုံးအပြန်ပြန်အလှန်လှန်ကြည့်ရင်း သနားသလိုမေးလာသည်...။
" ဖြစ်တယ်..ရအောင် လုပ်နိုင်တယ်.."
၈ နှစ်သားရဲ့ မခံချင်စိတ်နဲ့ ယတိပြတ်ဆုံးဖြတ်ချက်ကို ခေါင်းဆောင်ဖြစ်သူက တလေးတစားပင် အသိအမှတ်ပြုခဲ့လေသည်..။
.
.
.
" 2.0 ငါ့ ကို စောင့်ဦးး "
ထိုအသံသည် နှစ်ယောက်မရှိသည့် 2.8 ရဲ့အသံစာစာမို့ 2.0 နောက်ကိုပြန်လှည့်မကြည့်ဖြစ်...။ သွားနေမြဲအတိုင်း ဆက်သွားနေသည်..။
တစ်ယောက်တည်း နေလာတာ နှစ်အနည်းငယ်ကြာပြီးနောက်မှာ 2.0 ဟာ 2.8 ရဲ့ နှောင့်ယှက်ခြင်းကို စတင်ခံလာရသည်..။
2.8 ပထမဆုံးစကားလာပြောချိန်မှာ 2.0 အသက် ၁၀ နှစ်..။
*ငါ့ကို လာသနားစရာမလိုဘူး* ဟု 2.0 တုံးတိတိ ပြတ်ပြတ်သားသား ပြောလိုက်ပေမယ့်.. *မင်းက ဘာဖြစ်နေလို့သနားရမှာလဲ* ဟု 2.8 က ပြန်မေးခွန်းထုတ်ခဲ့သည်..။ အဲ့ဒီတုန်းက 2.0 က 2.8 လည်း အမေးကို ပြန်မဖြေဘဲ လှည့်ထွက်သွားခဲ့သည်..။
အဲ့ဒီနေ့ကစပြီး 2.8 ဟာ သူ့ကို ခေါင်းစဉ်ပေါင်းများစွာနဲ့ စကားတွေ တစ်ယောက်တည်း ဦးဆောင်ပြောကာ စိတ်ရှုပ်အောင် ခဏခဏလုပ်လေသည်..။ 2.0 ကိုမြင်တိုင်း အရူး လို လာလာ ရယ်ပြသေးသည်..။
သို့သော် အလကားတော့ 2.0 နားငြီးခံရသည်မဟုတ် 2.8 က အမြဲတမ်း သူ့ဝေစုဖြစ်သည့် စတော်ဘယ်ရီ သကြားလုံးနှစ်လုံး 2.0 ကို ကျွေးတတ်တာကြောင့်ဖြစ်၏..။
ŞİMDİ OKUDUĞUN
End Point
Hayran KurguLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...