Final - End Point

716 73 265
                                    

"ရား... အဘိုးကြီး.. ပေါက်မှာလည်းမဟုတ်တဲ့ ခလုတ်ကို $ တင်းနှိပ်မနေနဲ့.."

ဟန်ဘင်း သူ့ဆီ ပြေးဝင်လာသည့် ကောင်လေး လက်ကောက်ဝတ်ကိုဖမ်းဆုပ်ကာ လိမ်လိုက်ပြီး သူ့လက်ထဲက တုတ်ကို ဆွဲယူကာ ထိုကောင်လေး၏ ဇာတ်ပိုးကို ရိုက်ချလိုက်ရင်း ခါးကြားထဲက သေနတ် ကို ဆွဲယူလိုက်ပြီးတော့ အဝေးထိန်း ခလုတ်အနီ လေးကို ထပ်ခါ ထပ်ခါ ဖိနှိပ်နေသည့် အီဟျောင်းထယ်ကို အော်ပြောလိုက်သည်..။

*ဒိုင်း

အီဟျောင်းထယ်က အဝေးထိန်းခလုတ်ကိုလွှတ်ပစ်လိုက်ပြီး ခါးကြားထဲကသေနတ်ကို ဆွဲထုတ်မယ့်ဟန်ပြင်နေသည်မို့ နောက်ထပ် ဒဏ်ရာမရသေးသည့် လက်တစ်ဖက်ကို ဟန်ဘင်း သေနတ်နဲ့ပစ်ထည့်လိုက်သည်..။

"ကျွတ်... ကျွတ်.... ငါ့ နယ်မြေထဲလာပြီး ငါ့ကို ဗုံး‌ဖောက်ခွဲပြီး ခင်ဗျားအတူ သေစေချင်နေတာလား... စဉ်းစားလေ... ဖြစ်နိုင်လားဆိုတာ"

နောက်ဆုတ်နောက်ဆုတ်နဲ့ တခြားတံခါးအပေါက်နေ ပြေးဖို့ ဟန်ပြင်နေသည့် အီဟျောင်းထယ် ဆီ ပြေးသွားပြီး မျက်နှာတည့်တည့်ကို ဝိုက်ကန်ထုတ်ပစ်လိုက်တော့ အီဟျောင်းထယ် ကြမ်းပြင်ပေါ် ကျောနဲ့ တရွတ်တိုက် ခပ်ဝေးဝေးသို့ကျသွားတော့သည်..။

" အာ့ ကလေးတွေကိုအတတ်နိုင်ဆုံး မသတ်ဘဲနေလို့ရရင် မသတ်ဘဲ မေ့အောင် ရိုက်ပြီး အပြင်ဆွဲထုတ်သွားကြ.. "

ဟန်ဘင်းက ဂျီဝွန်း နဲ့ဟောင့် ကို သတိပေး လိုက်ပြီး အီဟျောင်းထယ် ရဲ့ သေနတ်ကို ယူလိုက်ပြီး အီဟျောင်းထယ် ရဲ့ ဗိုက်ကို ခပ်ပြင်းပြင်း ကန်ထုတ်ပစ်လိုက်ပြန်သည်..။

*ဒိုင်း

ဟန်ဘင်း နောက်ထပ်တစ်ကြိမ် အီဟျောင်းထယ်ရဲ့ ညာဘက် ပေါင်ထဲကို ကျည်တစ်တောင့် ပစ်ထည့်လိုက်ပြန်သည်..။ ဟန်ဘင်း မျက်တောင် တစ်ချက်တောင် မခတ်ဘဲ သွေးတွေရွှဲနေသည့် အီဟျောင်းထယ်ရဲ့ ကျည်မှန်ထားတဲ့ဒဏ်ရာကို ခြေထောက်နဲ့ ဖိနင်းချပစ်လိုက်တော့....

" အားးးးးးး....-ိုးမသား‌........... မကောင်းဆိုးဝါးလေး....... ဟားးးးး .. အေး ...အဲ့ဒါ...မှ မင်း အစစ်ပဲ 1.3 လူကို မသတ်ဘဲ တဖြည်းဖြည်းချင်း ညှင်းဆဲပြီး သေအောင် လုပ်တာလေ... ဟဟားးး....လူ ၁၁ ယောက် ကိုလည်း မင်း အဲ့ဒီလိုမျိုးပဲ သတ်ခဲ့တာ... ဟဟားး"

End PointTempat cerita menjadi hidup. Temukan sekarang