" ဂယူ... ဘာလို့ ခေါင်းဆောင် ဝွန်း ကို အမြဲအနိုင်ကျင့်နေတာလဲ... ခေါင်းဆောင် ဝွန်း က သဘောကောင်းတဲ့ဟာကို "
ယူဂျင်း အမေးကြောင့် စက္ကူလေယာဉ်ခေါက်နေသည့် ဂယူဗင်းလက်တွေက ရပ်တန့်သွားကာ ယူဂျင်းကို စောင်းငဲ့ကြည့်လာသည်..။ ယူဂျင်းကတော့ ပန်းပွင့်ပုံ ပေါ်လာစေဖို့ စာရွက်အကြီးမှ သူလိုချင်သည့် အရွယ်အစား ရအောင် ဖြတ်ညှပ်နေခြင်းတွင်သာ အာရုံစိုက်နေသည်။
" ယုန်လေး.. မ..မသိလို့... သူ.. သူ လူ..လူဆိုးကြီး...ဂယူ က.. ဘင်း...ဘင်း ကို ပို..သဘောကျတာ..."
" ဒီထောင်မှာ လူဆိုးမဟုတ်ဘဲရောက်နေတဲ့သူ ဘယ်သူရှိမှာလဲ ဂယူ... အားလုံးက လူဆိုးချည်းပဲလေ... "
" အွန်း... ယုန်..ယုန်လေး ကတော့ မပါ..လောက်..လောက်ဘူး.. ဂယူ သိ..သိ တယ်...ယုန်လေး က..လူ..လူ ဆိုး မဟုတ်...ဟုတ် ဘူး.."
" ဟက်... ငါ လူဆိုးမဟုတ်ဘဲ ဒီထောင်ထဲ အပို့ခံရမလား... ငါ တကယ် လူ ၆ ကို သတ်ခဲ့တာ ဂယူ.. ဘယ်သူမှ မယုံနိုင်ဘူးပြောကြပေမယ့် အဲ့ဒါ တကယ့် အမှန်တရားပါ..."
ယူဂျင်းက အပြုံးမမည်သော အပြုံးတို့ကို နှုတ်ခမ်းပေါ်တင်လိုက်ရင်း စက္ကူကို အချိုးအစားသေချာခေါက်ကာ ဘေးနားတွေကို ဝိုက်ကာညှပ်ထုတ်လိုက်သည်...။
" ဝါးးး စိတ်ဝင်စားစရာပဲ... လူသတ်ရတာ ပျော်ဖို့ကောင်းတယ်..."
" တွေ့လား... ဂယူ က စိတ်ကို နှစ်ပြီးစကားပြောရင် စကားမထစ်တော့ဘူး.. နောက်ဆို အဲ့ဒီလိုပြော..ဖြည်းဖြည်းနဲ့မှန်မှန် ပြော မထစ်စေနဲ့.."
" အွန်း...ယုန်လေး ပြောတဲ့အတိုင်းလုပ်မယ်..."
ခေါင်းညိတ်ပြီး ယူဂျင်း ပြောသည့်အတိုင်း စကားကို ဖြည်းဖြည်းနဲ့တစ်လုံးချင်းမှန်မှန်ပြောလာသည့် ဂယူဗင်း ကိုကြည့်ရင် ယူဂျင်း နှစ်နှစ်ခြိုက်ခြိုက်ရယ်လိုက်မိသည်..။
ဂယူဗင် ဆီ ယူဂျင်း လာလာဆော့ပေးနေတာ ဒီနေ့နဲ့ဆို ငါးရက်မြောက်သည့်နေ့ပင်...။ တဖြည်းဖြည်းနဲ့ သိလာရသည့်က ဂယူဗင်း က တကယ့်ကို အစ်ကို မက်သရူး ပြောပြထားသည့်အတိုင်း ကလေးလေး တစ်ယောက် လိုသာ တွေးသည်..။ ပြောသည်..။ တစ်ခါတလေ မျက်လုံးအိမ်ကြီးကြီးလေးတွေက ပြူးကြည့်လိုက်ရင် ခွေးပေါက်လေးလို ချစ်ဖို့ကောင်းနေပြန်သေးသည်။
ESTÁS LEYENDO
End Point
FanficLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...