Ep - 40

552 71 168
                                    

" မက်သရူး ရေ သွားကြစို့.."

ဂျီဝွန်း ခေါ်သံကြောင့် မက်သရူး က ဂွန်းနုဂီ ပါးဖောင်းဖောင်းလေးကို ဖိကပ်နမ်းရှုံ့လိုက်သည်..။

" ပြန်လာရင် ရေခဲမုန့် ဝယ်ခဲ့နော် ဒယ်ဒီ.."

သူ့ ပါးကို ပြန်လည်အနမ်းပေးပြီး လက်ပြနှုတ်ဆက်ပြီး ရေခဲမုန့်ဝယ်လာခဲ့ရန် သားတော်မောင် ကမှာပြီးသည်နှင့် ယူဂျင်း သင်ပေးသည့် UNO ထဲစိတ်ပြန်ဝင်စားသွားကာ မက်သရူးကိုလှည့်မကြည့်တော့..။

"ဟဲ့ သတိလေး ဘာလေးထားပြီး သွားကြဦး..."

မဒမ် ပတ် က ‌‌ဂျီဝွန်း ၊ ဟောင့် နဲ့ မက်သရူး တို့ကားထဲမဝင်ခင် လှမ်းအော်ကာ သတိပေးတာကြောင့် ဂျီဝွန်းက ' မား ကလည်း သားပါတာပဲ စိတ်ချစမ်းပါ ' ဟုပြောပြီး ကားထဲဝင်သွားတော့သည်..။

" GPS signal နောက်ဆုံးပျောက်သွားတဲ့ နေရာကိုပဲ သွားကြစို့"

ကားထဲရောက်သည်နှင့် ဟောင့်က ပြော ပြောဆိုဆိုနဲ့  တည်နေရာတစ်ခုကို ကား GPS ထဲရိုက်ထည့်လိုက်ပြီး ဂျီဝွန်းကို‌ ခေါင်းညိတ်ပြပြီး သွားရန် အချက်ပေးလိုက်လေသည်။

.

.

.

.

.

"1.3 ... တူတူပုန်းတမ်း ကစားတာရပ်ပြီး ဒီအိမ်က အကြီးအကဲဖြစ်တဲ့ ငါ့ကို မင်းကိုယ်တိုင် ဂါရဝလာပြုတာ ပိုအဆင်ပြေမယ်ထင်တယ်နော်.. ဗုံးတွေကို ကစားဖို့ မကြိုးစားနဲ့ အေး.. ငါ့ကို သတ်ချင်ရင်တော့ မင်း ဂင်မ်ထယ်ရယ် နဲ့ ဒီထဲဖမ်းခေါ်ထားတဲ့ တခြား ကလေး အယောက် ၂၀ အသက်ကိုပါ မင်း စတေးလိုက် ရလိမ့်မယ်.. "

စပီကာတွေနဲ့ထွက်လာသည့် စကားသံကြောင့် ဟန်ဘင်း နဲ့ ရစ်ခီ တို့ရဲ့ခြေလှမ်းတွေ ရပ်တန့်လို့သွားသည်..။

" ငါ သွားလိုက်မယ်.. မင်း ဂင်မ်ထယ်ရယ် နဲ့ကလေးတွေကိုရှာ.."

ရစ်ခီ ကပြောတော့ ဟန်ဘင်း က ရစ်ခီ ပခုံးကို ဆွဲကိုင်တားကာ ခေါင်းခါပြသည်..။

" မင်း က အမြင် အာရုံကောင်းတယ်.. ကလေးတွေကိုမင်းက အမြန်ဆုံးရှာနိုင်လိမ့်မယ်.. မင်းမှတ်မိတယ် မဟုတ်လား End point ကနေ မင်း ဂွန်းနုဂီ ကို ချီပြေးခဲ့တုန်းက အတိုင်း.."

End PointOù les histoires vivent. Découvrez maintenant