Ep - 11

516 70 24
                                    

သုံးပတ်ရှိပြီ...။

ပင်လယ်ပြာငရဲအဆောင်က ခေါင်းဆောင် ဘင်း သောင်းကျန်းနေတာ သုံးပတ်တိတိရှိသွားပြီ..။

အဆောင်က ထောင်သားတွေကိုရန်ရှာမျိုးတော့ မဟုတ်ပါဘူး...။ သူ့ဟာသူ အခန်းတံခါးပိတ်ပြီး အခန်းထဲရှိသမျှပစ္စည်းတွေကို ကန်ကျောက်ပစ်ပေါက်ကာ အော်ဟစ်သောင်းကျန်းနေရုံတင်ပါ..။

အကြောင်းအရင်းကတော့ မက်သရူး ကြောင့်ပါ...။

*ဒုန်း

*ဝုန်း

နောက်ဆုံး အသံနှစ်ခုကြားပြီးတော့ အခန်းထဲကနေ ဘာသံမှထပ် ထွက်မလာတော့..။ ကြည့်ရတာ ခေါင်းဆောင် ဘင်း ထပ်ပစ်ပေါက်စရာ ကန်ကျောက်စရာ မရှိတော့ဘူး ထင်ပါရဲ့..။

" ဘယ်လို ဖြစ်လို့ အစ်ကို မက်သရူး ကို အသည်းအသန် လိုချင်နေတာလဲ.."

" ငါလည်း ..မသိဘူးလေ..."

မိုဂျီဂျူး ကိစ္စပြီးကတည်းက သူတို့ကို လိုတာထက် စကားအပို မပြောတော့တဲ့ ယူဂျင်း ပင် ဖွင့်ဟ မေးလာသည်အထိ ဖြစ်ပေမဲ့ ထယ်ရယ်မှာတော့ အဖြေရှိ မနေ..။

"အစ်ကို မက်သရူး ကလည်း တကယ့်လူ... ပေတေပြီးတော့ကိုနေတာ... ဒီလောက် အလုပ်တွေ သေအောင် ဖိခိုင်းလည်း မလာဘူး... .."

ယူဂျင်းက မက်သရူး ကို ချီးကျူးထောပနာပြုနေပြန်သည်...။ နဘေးက ထယ်ရယ်ကတော့ မှုန်တေတေနဲ့ ယူဂျင်းကို ကြည့်ရင်း ခေါင်းကုတ်နေမိသည်..။

ထိုစဉ် အခန်းတံခါးပွင့်လာကာ အခန်းထဲမှ ခေါင်းဆောင် ဘင်း ထွက်လာသည်..။ သူတို့ခေါင်းဆောင် ထွက်လာတာ မြင်တော့ ပထမ အထူးအဆန်း ဘာဖြစ်မလဲ အထင်နဲ့ စု‌ဝေး ရပ်ကြည့်နေတဲ့ထောင်သားတွေက အလိုလို ကျဲသွားတော့သည်။

"ခေါင်းဆောင် ဘင်း....အဆင်ပြေရဲ့လား..."

" အော်... ငါ အရမ်း အဆင်ပြေတာပေါ့..."

ပြောပြောဆိုဆို နဲ့ထွက်သွားသည့် ဟန်ဘင်း နောက်ကို ထယ်ရယ်လိုက်ရပြန်သည်။ အခုတလော သူတို့ ခေါင်း‌ဆောင် ဘင်းက စိတ်နဲ့လူ က မကပ်ချင်ဘူးလေ...။

မက်သရူး အလုပ်လုပ်တဲ့နေရာနဲ့ခပ်လှမ်းလှမ်းကနေ ဟန်ဘင်း သူ့ကို ရပ်ကြည့်နေမိသည်..။

End PointWhere stories live. Discover now