Unicode
"စားပြီးရင် ဆက်သွားရအောင်လေ "
အကုန်လုံး စားပြီးတာနဲ့ မင်းခန့်တို့သွားဖို့ဆက်ကြတော့သည်"နေ့လယ် အစီအစဉ်ကကော "
လင်းရောင်မေးတာနဲ့ ကြည်ဖြူက"balloonစီးမှာမလား"
"အေး အဲ့တာကောင်းတယ် နေမပူဘူးမလား"
"အေး"
"အကိုကော balloonစီးမှာလား"
တိမ်လွှာ ဟိုအကိုနားသွားကာ မေးလိုက်သည်"စီးမှာပေါ့ တိမ်လွှာကကော"
"တိမ်လွှာလည်း စီးမှာလေ""အဟွန်း ...ဟုတ်ပါပြီဗျာ Let's go "
"Okay "မင်းခန့်တို့ ပိုက်ဆံရှင်းကာ စီးမယ့်နေရာကို ထွက်လာခဲ့ကြသည်၊ မနက်က balloon booking ကြိုလုပ်ထားပြီးသားမို့ စီးရမယ့်နေရာရောက်တာနဲ့ အကုန်လုံးစီးဖို့ပြင်ကြတော့သည်
မင်းခန့်အရင်က balloonတစ်ခါမှ မစီးဘူးတော့ ပူဖောင်းကအဲ့လောက်ကြီးမှန်းမသိ လေဖြည့်တာကိုစောင့်ကာ ရပြီဆိုတာနဲ့ သူတို့အဖွဲ့တက်ကြတော့သည်
မိုးပျံပူဖောင်းပေါ်ရောက်တာနဲ့ လင်းရောင်နဲ့ ကြည်ဖြူဓာတ်ပုံရိုက်ပါတော့သည်
တိမ်လွှာလည်း ဖုန်းကိုထုတ်ကာ ရှုခင်းလေးတွေကို ရိုက်နေလိုက်သည်
"အကိုရိုက်ပေးရမလား"
"ရှန် ရပါတယ် "
"ကဲပါ ဒီဘက်လှည့် "
မင်းခန့်လည်း တိမ်လွှာ့ဖုန်းကို တောင်းမနေတော့ဘဲ သူ့ဖုန်းကိုဘဲ ထုတ်ကာ ရိုက်လိုက်သည်တိမ်လွှာလည်း အကိုရိုက်ပေးမှာ ရှက်တာနဲ့ ရှုခင်းတွေကိုဘဲ လိုက်ကြည့်နေလိုက်သည်
"တိမ်လွှာလေး ဒီဘက်လှည့်လေ "
တိမ်လွှာရှက်ရှက်နဲ့ဘဲ လှည့်ကြည့်လိုက်သည်
"ချလပ်"
"ရပြီ"
မင်းခန့်လည်း ရှက်နေတဲ့ဓာတ်ပုံကို အမိအရရိုက်ထားလိုက်သည် ရှက်နေတဲ့ပုံစံလေးက ဓာတ်ပုံထဲမှာတောင် ချစ်ဖို့ကောင်းတုန်း"အိမ်ရောက်ရင် အကို messagerကပို့လိုက်မယ်နော် "
"ဟုတ်"တိမ်လွှာဟိုဘက်ခြမ်းကို ကြည့်လိုက်တော့ သူ့ကိုပစ်ထားကာ တစ်ယောက်ကလှည့်စီ ဓာတ်ပုံရိုက်နေတဲ့သုံးယောက် ၊ မိုးပျံပူဖောင်းက သူတို့လိုလူမများတဲ့အဖွဲ့အတွက်တော့ အကျယ်ကြီးမို့ တိမ်လွှာတို့က ဒီဘက်ခြမ်းမှာဖြစ်သည်
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...