Unicode
"လင်းရောင်ထင် ခန!! "
မုန့်စားကျောင်းဆင်းချိန် လင်းရောင်နဲ့တေဇက မုန့်ဆင်းဝယ်ပြီး အခန်းထဲပြန်လာတော့
အတန်းခေါင်းဆောင်အချင်းချင်းမို့ သူတို့နဲ့ရင်းနှီးတဲ့ Bခန်းထဲက အတန်းခေါင်းဆောင်က လှမ်းခေါ်ကာ"အမ် အေး..!"
"မင်းတို့အခန်းထဲ မိန်းကလေးဘောလုံးအသင်းပါတယ်ဆို တိမ်လွှာမောင်ကော ပါတယ်ကြားလို့ ဆောင်းနှင်းသခင်တို့ ၊ ကြည်ဖြူရှင်းသန့်တို့ကောပါလား?"
"အေး အဲ့တာဘာဖြစ်လို့လဲ"
တေဇက အချိုရည်သောက်ရင်း ခပ်တည်တည်နဲ့မေးတော့
"ပွဲဖြစ်မှာကြောက်လို့ ငါတို့အခန်းကတော့ မပါပေမယ့် ဟိုဘက်အခန်းက မင်းတို့အခန်းကိုချောင်းနေတာ"
"ဟူးးးး အေး အဲ့တာငါသိတယ်"
လင်းရောင်ဒီအချက်ကို သေချာပေါက်မေ့လျော့နေတာပင် Cတန်းက သူတို့Aတန်းကို အခုထိမကျေနပ်သေးတာတော့ အမှန်....မထိတထိ လာရန်စရင်တောင် သူတို့ကအရေးမစိုက်လို့သာ ပြသာနာမဖြစ်တာ သူတို့သာအာရုံစိုက်နေရင် ဖြစ်ပြီးတာကြာပြီ ၊ အခုလည်း အားကစားပွဲကို ခုတုံးလုပ်ပြီး သူတို့အတန်းကို မကြေပွဲနွှဲမည့်ဟန်
တစတစကြီးသွားတဲ့ ပြသာနက အတန်းနှစ်တန်းကြားမှာ မငြိမ်းတဲ့မီးလို လေသင့်ရင်သင့်သလို တောက်လာတော့မည်"အော် ဒါနဲ့ မင်းတို့အခန်းက အားကစားထဲပါတဲ့သူအကုန်လုံးကိုလည်း သတိပေးလိုက်အုံး ဟိုဘက်အတန်းက ကိုက်ဖို့ချောင်းနေတယ်လို့ "
"အေး ကျေးဇူးဘဲသတိပေးလို့"
"ရပါတယ်ကွာ ငါလည်း မင်းတို့ကိုပြောချင်နေတာ"
"အေး"
သူတို့နှစ်ယောက်အတန်းထဲကိုပြန်လာပြီး အတန်းထဲကသူတစ်ချို့ကို ဒီအကြောင်းပြောတော့ အကုန်လုံးက တညီတညွှတ်တည်း ပွဲတိုင်း နိုင်စေရမယ်ဆိုပြီး ကျိန်းနေကြသည် ၊ ကိုယ့်အတန်းသားအချင်းသာ မတည့်ရင်မတည့်မယ် အတန်းထဲကသူဘယ်သူ့ကိုယ်မဆို လာထိရင်တော့ တစ်ယောက်မှလက်မခံ
တိမ်လွှာ့ကို သေချာသတိပေးပေမယ့် အဆင်ပြေပါတယ်ဆိုတာကလွဲပြီး ပြောမရ
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...