Epic (27)

178 4 0
                                    

Unicode

"အော်ဒါနဲ့ ငါတို့ဒီဇင်ဘာဘက်စုံအားကစားပြိုင်ပွဲနေ့ရောက်တော့မယ် ဆရာမတွေတောင် စာရင်းတွေလိုက်ကောက်နေပြီ "

ခနမျှတိတ်ဆိတ်သွားတဲ့ အနေအထားမှာ လင်းရောင်ဘဲ စကားလမ်းကြောင်းလွှဲလိုက်တယ်

"အဲ့တာ ငါတို့နဲ့မှ မဆိုင်တော့တာဟာ.... "

"နင်ကလည်း ငိုသံကြီးနဲ့ တိမ်လွှာရာ ငါတို့နဲ့မဆိုင်တော့ပေမယ့် ပါချင်ပါလို့ရပါသေးတယ် အဲ့လောက်လဲ မဟုတ်ပါဘူး"

ကြည်ဖြူပြောတာလည်း ဟုတ်တော့ဟုတ်သည် ၊သူတို့က အထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီမို့ အားကစားပွဲတွေဆိုတာ သူတို့လိုစာတွေနဲ့ဘဲ နပမ်းလုံးနေရတဲ့သူတွေအတွက် သိပ်မအပ်ဆက်တော့ပေမယ့်

"ဟုတ်သားဘဲ! ငါတို့ ဆရာ့ကို ပြောကြည့်လို့ ရရင်ရမှာ ငါတို့ကမဟုတ်လည်း စာတော်တာဘဲဟာကို....နေ့လယ် သွားပြောမယ် နင်တို့ကောလိုက်ခဲ့"

"နင်က ဘာပြိုင်မလို့တုန်း..တိမ်လွှာ"

"ငါလား "

"အေး "

"ဘောလုံးကန်မို့"

"ဘာ!!!! "ײ

တေဇမေးတာကို တိမ်လွှာပြန်ဖြေတော့ ကြည်ဖြူနဲ့ လင်းရောင်က ထအော်ကာ

"နင်ဘယ်တုန်းက ကန်ဖူးလို့လဲ တိမ်လွှာ"
"အေးလေ"

"အောင်မာ ဖဲ့တာ နင်တို့ငါ့ကို အထင်မသေးနဲ့ မနက်က lineပေါ်မှာတွေ့လိုက်တာ မန္တလေးကနာမည်ကြီးprivateကျောင်းကဘဲ တင်ထားတာ မိန်းကလေးဘောလုံးအသင်းက တရားမိမိုက်တာနော်...."

ဘယ်တုန်းက ကန်ချင်စိတ်ပေါက်သွားပါလိမ့်လို့ တွေးနေတာမှမဆုံးသေး သူမက အားကျလို့တဲ့....

"ဟုတ်မှလဲလုပ်ပါ တိမ်လွှာရာ အဲ့တာနင်မှမကျွမ်းတာ တစ်ခါမှလဲ ကန်ဖူးတာမဟုတ်ဘူး နင်ကျွမ်းတဲ့ဘက်ဘဲ နင်လိုက်ပါဟာ"

"အခုမကျွမ်းလည်း နောင်ကျွမ်းလာမှာဘဲဟာ"

ကြည်ဖြူပြောပေမယ့် တိမ်လွှာက တကယ်ဆုံးဖြတ်ထားဟန်

"နင် မကန်တာကောင်းမယ် တိမ်လွှာ ဘောလုံးကန်တာ အထိအခိုက်များတယ် နင့်ကိုစိတ်ပူလို့ပြောတာ ပြီးတော့ ဒီအားကစားက ညစ်တယ်နော် "

=EqualWhere stories live. Discover now