Epic (25)

263 4 0
                                    

Unicode

"အိုမားရေ သမီးပြန်လာပြီ"

"လာပါအုံး မွေးရကျိုးနပ်တဲ့သမီးလေး"

တိမ်လွှာတို့အဖွဲ့ဒီနေ့ကျောင်းမှာလည်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သတင်းက ပျံ့နေကာ တစ်နေ့အတွင်း တစ်ကျောင်းလုံးက သိနေလေပြီ။ ကျောင်းထွက်သွားတဲ့ကောင်မလေးရဲ့အတန်းကလည်း ကျန်တဲ့နှစ်ယောက်က ဘယ်လိုတွေလီဆယ်ပြောထားလဲမသိ အဖွဲ့လိုက်သူတို့အတန်းရှေ့လာကာ စိန်ခေါ်တာကြောင့် သူတို့အတန်းကသူတွေနဲ့တောင် အတန်းလိုက်
ဖိုက်မလိုဖြစ်ကြသေးသည်။ ဆရာမရှိနေလို့သာ  ငြိမ်သွားကြတာ အတန်းနှစ်တန်းလုံးကတော့ အခဲကျေတဲ့ပုံတော့မပေါ်....

1နာရီအပြစ်ပေးခံရလို့ပျက်သွားတဲ့စာတွေကလည်း လုပ်ဖို့ရှိသေးတာကြောင့် အိမ်ဘဲစောစောပြန်လာကာမှ အိုမားရဲ့ခေါ်သံကြောင့် ကြက်သီးပါထသွားသည် ၊ အိမ်စောပြန်လာမိတာမှားပါပြီ....သိသွားတာလား?

"ရန်သတ်တယ်ဆို"

"ဟုတ် "

"ဘာလို့သတ်တာလဲ တိမ်လွှာ ဟမ် မရှက်ဘူးလားသမီး "

"ရှက်ပါတယ် အိုမားကလည်း ဒါပေမယ့် သူတို့ကအရင် ရန်လာစတာ"

"သမီးက ဦးနှောက်မရှိဘူးလား မတူတဲ့သူနဲ့ပြိုင်တုရမယ်လို့ မေမေသင်ထားလား သမီးက မေမေသင်ထားတာတွေကို မှတ်မထားတာလား "

"သမီးမှတ်ထားပါတယ် "

"မှတ်ထားရင် ဒီလိုဖြစ်ပါ့မလား...သွားတော့ နောက်ခါမငေါက်ချင်ဘူး ဒီအသံလဲ ထပ်မကြားချင်ဘူး "

"ဟုတ် "

တိမ်လွှာလည်း စိတ်ညစ်ညစ်နဲ့အခန်းထဲဝင်ကာ အိပ်ယာပေါ်လှဲချလိုက်သည် ၊ ခနကြာတော့ ထကာ ရေချိုး အဝတ်အစားလဲလိုက်သည် ၊ပြီးတာနဲ့ စာလုပ်ဖို့ စာအုပ်ထုတ်ကာ လွတ်သွားတဲ့စာတွေလုပ်နေလိုက်သည်

"ဟူးးးးးအိုမားက ဘယ်လိုသိမှန်းမသိဘူး"

စာလုပ်တာ နာရီဝက်တောင် မရှိသေး လူက ရေဆိပ်တက်ပြီး အိပ်ချင်လာသည် ၊ အိပ်ချင်ပြေအောင် ဖုန်းလေးကောက်ကိုင်ကာ အပျင်းပြေစကားပြောမယ်ဆိုပြီး chat box ထဲဝင်ပြန်တော့ ဘယ်သူမှ line ပေါ်မှာမရှိ အကိုကလည်း line ပေါ်မတက်သေး..တိမ်လွှာက account ထဲမှာ ခင်မင်ရင်းနှီးတဲ့သူတွေကိုဘဲထားကာ စကားလာပြောတဲ့သူတွေကိုလည်း ပြန်မပြောဘဲ တေဇတို့4ယောက်နဲ့ အကိုနဲ့သာပြောဖြစ်သည် ၊ အတန်းထဲကသူတွေနဲ့လည်း သူတို့လာပြောရင် ကိုယ်လည်းဖော်ဖော်ရွေရွေပြန်ပြောပေမယ့် အခုကတော့ ဘယ်သူနဲ့မှ ပြောစရာမရှိ
နောက်ဆုံးကျန်ရာမရတာနဲ့ အကို့ account ထဲဝင်ကာ ဝင်စပ်စုသည်

=EqualWhere stories live. Discover now