လွန်ခဲ့သော...သုံးရက်ခန့်က........./တစ်ဖက်က အချိန်နဲ့တွက်ရင် (လေ့လာရေးခရီးထွက်မယ့်နေ့မရောက်ခင် သုံးရက်အလို ).........
နေ့လည်မွန်းတည့်ချိန် ဒေါက်တာ မင်းခန့်ထည်ဝါ၏ ရုံးခန်းသို့ ဆရာဝန်နှစ်ယောက် အလောတကြီး သွားနေကြသည် ။အစောနကမှ ရလာတဲ့သတင်းကြီးကြောင့် သူတို့နှစ်ယောက် ပထမဆုံး မင်းခန့်ကို အရင်လာရှာကြတာပင်
"မင်းခန့်အဆင်ကော ပြေပါ့မလား မသိဘူး"
စစ်သွေးနဲ့ပြည့်စုံ ဓာတ်လှေကားထဲမှာ အပေါ်ထပ်တက်နေရင်း စစ်သွေးက စိတ်ပူပြီး ပြည့်စုံကို မေးလိုက်တော့ ပြည့်စုံကလည်း
"ငါသာ မင်းခန့်နေရာမှာဆိုရင် အနည်းနဲ့အများတော့ ကိုယ်ကိုယ်ကိုယ် ဂုဏ်ယူမိမှာဘဲ ။ မင်းခန့်စိတ်နဲ့ဆိုရင်လည်း ဒီလိုဖြစ်နေမယ်လို့ ငါထင်တယ် "
"မဖြစ်နိုင်တာ ။ မင်းစိတ်နဲ့များ မင်းခန့်ကို ယှဉ်ရဲတယ်နော် သူ့အကြောင်း မသိတာလဲ မဟုတ်ဘူး "
တကယ်တော့ သူတို့နှစ်ယောက် အစောနကမှ ရလာတဲ့ သတင်းကြီးက သတင်းအသေးတော့ မဟုတ်လှပါ။ ဒီဆေးရုံမှာလည်း ဖြစ်ခဲတဲ့ ကြုံရခဲတဲ့ ဖြစ်စဉ်တစ်ခုပင်....
-----------
မနေ့က မင်းခန့်တို့ ပုဂံက ညတွင်းချင်းပြန်လာခဲ့ရပြီး ။မနက် ဆေးရုံကိုရောက်တော့ သူတို့ပုဂ္ဂလိကဆေးရုံက ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာမျိုးကျော်ဟိန်းက ခက်ခဲပြီးရှုပ်ထွေးတဲ့ခွဲစိတ်မှုတစ်ခုကို မင်းခန့်ကိုပြောပြသည်။ ထိုခွဲစိတ်မှုကို ဒေါက်တာမျိုးကျော်ဟိန်းကိုယ်တိုင်လုပ်ရမှာဖြစ်တဲ့အကြောင်း။ထိုခွဲစိတ်မှုကလည်း လူနာရှင်ရဲ့ ဆန္ဒအရ laparoscopic surgery(မှန်ပြောင်းသုံးခွဲစိတ်မှု) အနေနဲ့ မဟုတ်ဘဲ open surgery (သာမန်ရိုးကျခွဲစိတ်မှု) အနေနဲ့ လုပ်ရမှာဖြစ်တဲ့အကြောင်း။
ဆေးပညာမှာလည်း ခေတ်ရှေ့ပြေးလာတာနဲ့အမျှ လွန်စွာခေတ်မှီတိုးတက်တဲ့ ခွဲစိတ်နည်းပညာတွေလည်း တဖြည်းဖြည်းပေါ်ပေါက်လာပြီး သူတို့ဆေးရုံမှာလည်း ခေတ်မှီခွဲစိတ်နည်းပညာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုပြီး ကုသပေးနေတဲ့ ဆရာဝန်ကြီးတွေ အများအပြားကြီးရှိသည်
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...