Epic (43)

112 2 3
                                    

Unicode

*ring......ring...... *

စောင်ခြုံကာ ရှိုက်ငိုနေတုန်း လွယ်အိတ်ထဲထည့်ထားတဲ့ ဖုန်းက အသံမြည်လာသည် ၊ ဘယ်သူလဲမသိတာကြောင့် ဖုန်းယူကာ ဖွင့်ကြည့်လိုက်တော့ Min Khant HtalWarဆိုတဲ့ နာမည်နဲ့ အကို့profile က ပေါ်လာသည် ၊ line ဖွင့်ထားမိတာလားဆိုပြီးကြည့်လိုက်တော့ အိမ်က Wi-Fiနဲ့ချိတ်နေတာပင်

ဒီလိုအခြေအနေ ဒီလိုစိတ်ခံစားချက်နဲ့မို့ အကိုနဲ့စကားမပြောချင်ပါ အသံတိုးကာ ပြန်ပိတ်ထားလိုက်သည်

*ring......ring...... *

မင်းခန့် မကိုင်တဲ့ဖုန်းကိုဘဲ ထပ်ခါထပ်ခါ ခေါ်နေမိသည် ၊ ဘာလို့လဲ line ပေါ်ရှိနေတာကို ။ ဒီနေ့ ကလေးလေးတို့ပြိုင်ပွဲနိုင်လား သူမေးချင်သည်

မင်းခန့်ဆက်ခေါ်နေတုန်း ကလေးလေးက ဖုန်းကိုင်လိုက်တာနဲ့ တက်ကြွစွာဘဲ

"ပြိုင်ပွဲနိုင်လား ကလေး "

တိမ်လွှာဖုန်းကိုင်လိုက်တာနဲ့  အကို့မျက်နှာက နှစ်လိုဖွယ်အပြုံးနဲ့ ပေါ်လာပြီး မေးသည်

"ကလေးလေး ငိုနေတာလား"

"ဟင့်အင်း..."

တိမ်လွှာခေါင်းခါရမ်းလိုက်ကာ မျက်နှာလွှဲလိုက်ပေမယ့် ဝမ်းနည်းစိတ်ကြောင့် ပိုငိုချင်သွားကာ ငိုသံပါသွားသည်

*အဟွင်း ဟွင်း*

"တိမ်လွှာ မငိုပါဘူး"

မြန်မြန်ချောင်းဟန့်ကာ အသံကိုပြန်ပြင်ပြီး မျက်ရည်မကျအောင်ထိန်းရင်း ပြန်ပြောလိုက်သည်

"ကိုယ့်ကိုကြည့်ပါအုံး ကလေးလေး"

"ဟင်!"

"ကိုယ်သိတယ် ကလေးလေးငိုနေမှန်း....... ကိုယ့်ကိုပြောလေ ဘာဖြစ်လို့ ငိုနေတာလဲဆိုတာ ကိုယ်နားထောင်ပေးမှာပေါ့ကလေးရဲ့ "

"စိတ်ညစ်စရာအကြောင်းအရာကို တစ်ယောက်ထဲခံစားတာဘဲကောင်းတယ် အကိုသိရင် အကိုပါစိတ်ညစ်သွားမှာပေါ့"

"အကိုက ကိုယ့်ကလေးလေးနဲ့ပတ်သတ်တဲ့ စိတ်ညစ်စရာကော ပျော်စရာကော အကုန်နားထောင်ချင်တယ်
ကလေးလေးခံစားရသမျှ ခံစားချက်ကိုလည်း အကိုလဲမျှဝေခံစားချင်တယ်.....အဲ့တာကြောင့် အကို့ကိုပြောပါ "

=EqualWhere stories live. Discover now