Epic (35)

96 5 3
                                    

Unicode

"ဆရာ! ပါမောက္ခဒေါက်တာသိန်းနဲ့ ဒေါက်တာကြီးက တွေ့ချင်လို့ meeting room ထဲလာခဲ့ပါအုံးတဲ့ရှင့်"

"ဒေါက်တာကြီးရောက်နေတာလား? ဟုတ်ကဲ့ဗျ ကျတော်သွားလိုက်မယ်"

"ဟုတ်ကဲ့ရှင့်"

စင်ကာပူမှာထိုင်နေတဲ့ လေးလေး(ဒေါက်တာကြီး)က သူတို့ဆေးရုံကို ရောက်နေပြီး မင်းခန့်ကို တွေ့ချင်တယ်ဆိုတာကြောင့် မင်းခန့်တွေးစရာဖြစ်သွားသည် ၊ လေးလေး(ဒေါက်တာကြီး)က ဘာအကြောင်းအရင်းကိစ္စကြောင့် စင်ကာပူကနေ ပြန်လာတာလဲ ဟု တွေးမိပေမယ့် မြန်မာကို ပြန်လာရင်း အလည်ဝင်တာဘဲဖြစ်မှာပါဟုလည်း ထင်မိ၏။

*ဒေါက် ဒေါက်*

"ကျတော် ဝင်ခဲ့မယ်ဗျ "

မင်းခန့်အသံပေးရင်း တံခါးကိုဖွင့်ကာ အထဲကိုဝင်သွားလိုက်တော့ ပါမောက္ခဒေါက်တာသိန်းနဲ့ ဒေါက်တာကြီးက ထိုင်ကာ စကားပြောနေကြသည်

ထိုဒေါက်တာကြီးမှာ အခြားသူမဟုတ် မင်းခန့်အဖေဦးမင်းခန့်ရဲ့ သူငယ်ချင်းရင်းတစ်ယောက်ဖြစ်ပြီး စင်ကာပူ goal hospital နှလုံးနှင့်ကင်ဆာ centerက နှလုံးရောဂါအထူးကုဌာနမှာ လက်ရှိနေတဲ့ M.B.B.S M.Med.Sc (Int.Med) M.R.C.P (UK) Consultant Cardiologist အထွေထွေရောဂါနှင့် နှလုံးရောဂါအထူးကု ဆရာဝန်ကြီးပဲဖြစ်သည်

"ကိုယ့်တူတောင် တော်တော်ချောလာတယ်ကွာ ကြီးလေခန့်လေဘဲကွာ ကောင်မလေးတွေတော့ ဝိုင်းဝိုင်းလည်နေမှာဘဲ "

ဒေါက်တာကြီးက သူ့ဘေးမှာထိုင်နေတဲ့ မင်းခန့်ကို တစ်ရင်းတစ်နှီးပြောဆိုဆက်ဆံပြီး မတွေ့တာလည်းကြာပြီဆိုတော့ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောဖြစ်၏။ ပါမောက္ခဒေါက်တာသိန်းကလည်း ဆေးဘက်ဆိုင်ရာအကြောင်းတွေ သူတို့နှစ်ဦးပြောတာကို ဝင်ပြောလိုက်နဲ့ စကားလမ်းကြောင်းတည့်နေကြသည်

"လေးလေး မြန်မာပြည်ပြန်လာတာလား"

"ဟုတ်ဗျ အခုဘဲ ကိုသိန်းနဲ့ ဒီအကြောင်းပြောနေတာ  လေးလေး အသိတစ်ယောက်ဘဲ သူ့သမီးကို လာကြည့်ပေးပါအုံး တောင်းဆိုလို့ လေးလေးစင်ကာပူက လာခဲ့တာ "

"သူတို့က လေးလေးဆီ မလာဘူးလား လေးလေး ။ လူနာက အရေးကြီးလူနာမလို့လား"

=EqualWhere stories live. Discover now