Epic (12)

242 3 0
                                    

Unicode

" ကိုယ့်ဖေဖေေကာ မေမေကော နှစ်ယောက်လုံး သဘောကောင်းရုပ်ချောတွေကြည့်ဘဲ "

"တကယ်လား"

" အကိုက လိမ်ပါ့မလား"

"အကို့မေမေက ညောင်ဦးကဆို...တီလင်းပြောတာ... တီလင်းရဲ့ ကျောင်းနေဘက်သူငယ်ချင်းတဲ့"

"အွန်း ဟုတ်တယ် ကိုယ်လည်း မေမေကို ညောင်ဦးကနေ ပြန်ရောက်တုန်းကမေးတော့ မေမေက 10တန်းအောင်ကတည်းက ညောင်ဦးမှာမနေဘဲ ရန်ကုန်မှာတက္ကသိုလ်ကိုလာတက်ကတည်းက တီလင်းနဲ့ မတွေ့ရတော့တာတဲ့ ၊အိမ်ပြန်လာတဲ့အချိန်တွေရှိခဲ့ပေမယ့် မတိုက်ဆိုင်လို့ မတွေ့ဖြစ်ကြတာတဲ့  "

အကိုပြောတာကို တိမ်လွှာနားထောင်ကာ တွေးဆပြီး....

"အကိုကကော ညောင်ဦးမှာမွေးတာလား"

"ကိုယ်က ရန်ကုန်မှာဘဲ မွေးတာလေ"

"အော်  အကိုက ညောင်ဦးမလာတော့ဘူးလား"

"အကိုက မအားဘူးလေကလေးရဲ့..."

".... အရင်တစ်ခေါက်ကလာပြီးတော့ .."

ရှုံ့မဲ့မဲ့မျက်နှာလေးနဲ့ပြောနေတဲ့ ကောင်မလေးကိုကြည့်လိုက်ပြီး သေချာရှင်းပြရသည်

"အဲ့တုန်းက ကိုယ့်အဖွားနေမကောင်းလို့လေ... ခွင့်ယူပြီးလာခဲ့တာ....ကိုယ်က ဆရာဝန်တစ်ယောက်ဆိုတော့ အမြဲတမ်းလူနာတွေနဲ့ဘဲ ထိတွေ့နေရတာ.."

"ဟုတ်...."

မျက်နှာလေး ငြိုးကျသွားတဲ့ ကောင်မလေးကိုကြည့်ကာ မင်းခန့်ဆက်ပြောရန် ပြင်လိုက်စဉ်

"တိမ်လွှာလည်း ဆရာဝန်တစ်ယောက် ဖြစ်ချင်လိုက်တာ"

"ဟင်"
တိမ်လွှာဆက်ပြောတဲ့ စကားကြောင့် မင်းခန့်ပျော်သွားကာ

"ဘာလဲ အကိုက တိမ်လွှာဆရာဝန်ဖြစ်ချင်တာကို အားမပေးဘူးလား"

phone screen ကနေ မြင်နေရတဲ့ အကို့မျက်နှာက ကြောင်ပြီးဆွံအနေကာ ဘာမှမတုန့်ပြန်တာကြောင့် တိမ်လွှာ လည်း ပြန်မေးတော့မှ

"အားပေးတာပေါ့ဗျာ...ဆရာဝန်ဖြစ်ချင်တဲ့ ကောင်မလေးကို ကလေး စာကြိုးစားနော် "

=EqualWhere stories live. Discover now