Epic (16)

204 5 0
                                    

Unicode

『2014-2015ပညာသင်နှစ် (၉၄)ကြိမ်မြောက်အမျိုးသားနေ့အကြိုဟောပြောပွဲ 』

8နာရီဝန်းကျင်ခန့် ကျောင်းသား/သူတွေအကုန် သပ်သပ်ရပ်ရပ်နှင့် ကိုယ့်အခန်းထဲမှာကိုယ်ထိုင်ကာ ဟောပြောခန်းထဲသွားရမယ့်အချိန်ကို စောင့်နေကြသည် ၊ခနကြာတော့ ဆရာမက လာခေါ်တာနဲ့ အစီအရီ ဟောခန်းထဲအတန်းလိုက်သွားကြတော့သည်

G-11အခန်း(A) အတန်းပိုင်ဆရာမဒေါ်စုမြတ် ကျောင်းသား/သူတွေအကုန် ဟောခန်းထဲနေရာယူပြီး အဆင်သင့်ဖြစ်တာနဲ့  ဟောပြောရမယ့်သူတွေထိုင်တဲ့ စင်ပေါ်ကခုံမှာ တစ်ယောက်မှ မရောက်သေးတာမြင်တော့

"နှင်းပွင့်ဖြူ နဲ့ စိုင်းခန့်မင်း"

"ဟုတ်"
"လာပြီ ဆရာမ"

"သမီးနဲ့သား အစီအစဉ်ရဲ့ လူအလှည့်ကျကို တိမ်လွှာမောင်တို့ကို ပြောပြီးပြီလား "

"ဟုတ် ကျတော်ပြောပြီးပြီ ဆရာမ...ကျောင်းဂိတ်ပေါက်မှာတွေ့လို့ မနေ့က printထုတ်လာတဲ့စာရွက်ပါ တစ်ခါတည်းပေးခဲ့လိုက်တာ ဆရာမ"

"တိမ်လွှာမောင်တို့အဖွဲ့က ကျောင်းဂိတ်ပေါက်မှာလား"

"အစောနလေးက ကျောင်းဂိတ်ပေါက်မှာ တိမ်လွှာမောင်တို့ကိုတွေ့တယ်လို့ပြောသံကြားတယ် ဆရာမ"

အစီအစဉ်တင်ဆက်မယ့်ဒီကလေးနှစ်ယောက်ကို ဟောပြောရမယ့်တိမ်လွှာတို့အဖွဲ့ကို မေးတော့ ကျောင်းဂိတ်ပေါက်မှာဆိုတာနဲ့ လူက စိုးရိမ်သွားသည် /ခနနေရင် ပညာရေးမှူးနဲ့ လူကြီးပိုင်းတွေ  လာတော့မှာကို ကျောင်းဂိတ်ပေါက်မှာ ဒီကလေးတွေ ဘာလုပ်နေတာပါလိမ့်

"အယ် ခနနေဆို အခမ်းအနားစတော့မှာကို..  သွား သွား သမီးတို့သားတို့တစ်ယောက်လောက် တိမ်လွှာမောင်တို့ကို သွားခေါ်လိုက်အုံး"

"ကျတော် သွားလိုက်မယ်ဆရာမ"

"အေး သား မြန်မြန်ခေါ်ခဲ့ လူကြီးတွေမလာခင် သူတို့က စင်ပေါ်ကြိုတက်ထားရမှာမလို့ တစ်ခါတည်းခေါ်ခဲ့ အရေးကြီးတယ်နော် "

"ဟုတ်"

ဝက်ကြီးဆရာမကို အော်ပြောပြီး ကျောင်းဂိတ်ပေါက်ဆီမြန်မြန် ပြေးရတော့သည်
_____
တိမ်လွှာ လက်ကနာရီကို ငုံ့ကြည့်တော့ 8:15ဖြစ်နေပြီ ဒီအချိန်ဆို သခင်လာသင့်ပြီကို ဘာများဖြစ်နေလို့လဲ

=EqualWhere stories live. Discover now