Epic (6)

306 7 0
                                    

Unicode

"သားရေ ...အထုပ်အပိုးတွေထုပ်ပြီးပြီလား "

"ဟုတ် ပြီးပြီ ကြီးကြီး"

"အေးအေးသား သေချာစစ်အုံး မေ့ကျန်နေခဲ့တာတွေ ရှိအုံးမယ်"

"ဟုတ်"

မင်းခန့် ရန်ကုန်ပြန်ဖို့ အထုပ်အပိုးတွေထုပ်ကာ ပြီးပြီဆိုတာနဲ့ ဖွားမေဆီသွားနှုတ်ဆက်သည်

"ဖွား ...ကျန်းမာရေးဂရုစိုက်နော် "

"ဟုတ်ပါပြီ ဖွားမြေးရယ်"

"မြေးလည်း မကြာမကြာလာလည်ပေါ့"

"ဟုတ် ဖွား"

"သား တစ်ယောက်ထဲရန်ကုန်ထိပြန်ရမှာ မောင်ဇော်မိုးကို ခေါ်သွားမလား "

"ရပါတယ် ကြီးကြီး အသွားတုန်းကလည်း တစ်ယောက်ထဲလာခဲ့တာဘဲကို သား ကလေးမဟုတ်ပါဘူး"

"သား အဆင်ပြေရင်ပြီးတာပါဘဲ "
"ဒါပုန်းရည်ကြီးနဲ့ ထန်းလျှပ်တွေဘဲ ရန်ကုန်ယူသွားလိုက်အုံး ၊မိပုံ့ရေ ဒါတွေ ကားဆီသယ်သွားပေးရအောင်"

"ဟုတ်ကဲ့ မမကြီး"

"မောင်ဇော်မိုး သားအိတ်တွေကော နောက်ခန်းထဲထည့်လိုက်"

"ဟုတ် မမကြီး"

အကုန်လုပ်ပြီးတာနဲ့ မင်းခန့် ကြီးကြီးနဲ့ဖွားမေကို နှုတ်ဆက်ကာ မောင်းထွက်လာခဲ့တော့သည်
မြို့ပြင်ရောက်လာတာနဲ့ ထန်းပင်တွေကြားထဲကနေ            
နေအလင်းရောင်ထွက်လာစဖြစ်နေပြီမို့  ကြေးနီရောင်တိမ်စိုင်တွေ တဖြည်းဖြည်းပျောက်ကာ ပြာလဲ့ရောင်ကောင်းကင်ကြီး ပေါ်လာတော့သည်
ဒီအချိန်ဆို cherry သီးလေး နိုးရောပေါ့
_________
တိမ်လွှာ မျက်လုံးမဖွင့်ဘဲ ဖုန်းလိုက်ရှာကာ ဖုန်းတွေ့ပြီဆိုမှ မျက်လုံးဖွင့်ပြီး ဖုန်းကနာရီကြည့်လိုက်တော့ 6နာရီဘဲရှိသေးတယ်၊ messagerမှာ notiဝင်ထားတာတွေ့တာနဲ့ ဝင်ကြည့်လိုက်တော့ အကိုက ဓာတ်ပုံတွေပို့ထားကာ 5နာရီလောက်ကမှ morning လို့ ပို့ထားတာဖြစ်သည်
မနေ့က အိမ်ပြန်ရောက်ရောက်ချင်း အဝတ်အစားလဲပြီး အိပ်လိုက်တာဖြစ်သည် ၊ဖုန်းတောင်မကြည့်လိုက်ရ ၊တိမ်လွှာလည်း morningလို့ ပြန်ပို့ရင်း ပြန်သွားပြီလားလို့မေးလိုက်သည်

=EqualTempat cerita menjadi hidup. Temukan sekarang