"ကောင်မလေး တစ်ယောက်လား? ဒေါက်တာ...။ ဒေါက်တာ နဲ့ ဘယ်လို ပတ်သတ်လို့လဲဗျ..?"
တစ်ဖက်က လေသံပြောင်းသွားတယ်လို့ မင်းခန့် ခံစားမိပေမယ့် အာရုံမထားမိပါဘူး...
"ကျတော့် အသိညီမလေးပါ...နေပြည်တော် hotel zone နားမှာ ကျောင်းလေ့လာရေးခရီးထွက်ပြီး တည်းတဲ့ဟိုတယ်ကနေ ပျောက်သွားတာပါဗျာ"
တစ်ဖက်က ခနအသံတိတ်သွားပြီး...
"အော်...ကျတော် အတက်နိုင်ဆုံး တွေ့အောင် ရှာပေးပါမယ်ခင်ဗျ ဒေါက်တာ...!
လူပျောက်တာနဲ့ ပတ်သတ်ပြီးစိတ်ချထားပါဗျ..ကျတော့်နယ်ဘက္မှာ ဖြစ်တာဆိုတော့...ကျတော့် တာဝန်လို့ သဘောထားပါတယ်ခင်ဗျ "မင်းခန့် တစ်ဖက်က လက်ခံလိုက်ပြီဆိုမှ စစ်သွေးနဲ့ ပြည့်စုံကလည်း စိတ်ပေါ့ပါးသွားသလို ကြည့်နေသည်
"အဲ့ဆို ညီ့ကို ကျေးဇူးတင်ပါတယ်ဗျာ..."
"ရပါတယ် ဒေါက်တာ ။ ကျတော် ကူညီခွင့်ရလို့ ဝမ်းသာပါတယ်..."
"ဟုတ်ကဲ့ပါဗျာ...ကျတော့်ကို ဖုန်းချခွင့်ပြုပါအုံးဗျ.."
"ခန...ဒေါက်တာ!"
"ဗျာ.."
"ကျတော့် email address ထဲကို ပျောက်နေတဲ့ကောင်မလေး အချက်အလက်တွေ ပို့ပေးလို့ရလား ဒေါက်တာ..."
"..ကျတော် အရေးကြီးတာကို မေ့သွားတာဘဲ...ပို့ပေးလိုက်ပါမယ်ဗျ.."
မင်းခန့်ဖုန်းကို ချလိုက်တော့ ပြည့်စုံက မျက်စပစ်ပြသည်
"သူတို့ကို အစောကတည်းက ရှာခိုင်းသင့်တာ မင်းခန့်...
သူတို့သာဆို တန်းတွေ့ေလာက်တယ်....""အေး ငါလည်း မင်းတို့ပြောမှ သတိရတာဘဲကွာ....
အချိန်မနှောင်းဖို့ မျှော်လင့်ရတာဘဲ
တကယ်လို့သာ ရှာတွေ့ခဲ့ရင် ငါ့ကလေးလေးအတွက် စိုးရိမ်စရာမလိုတော့ဘူး... အဲ့လို မျှော်လင့်တာဘဲ""ငါ့အထင် ဟိုညီမလေးက တစ်ခုခုများဖြစ်နေမလား မသိဘူးကွာ...
ပျောက်နေတာ ရက်ကြာနေပြီမလား?
မနေ့က ကိုစိုင်းလေ..အိမ်လာတော့အမှုတစ်ခုမှာ လိုက်နေတာကွ...အမှုက မိန်းကလေးတစ်ယောက်ကို အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး သတ်ပြီးတော့ လွှင့်ပစ်ထားတာတဲ့...
အဲ့မိန်းကလေးပုံကို ငါ့ကိုပြတယ်ကွာ...ငါ ကြည့်တောင် မကြည့်နိုင်ဘူး....အဝတ်အစားဆိုတာ ဘယ်မှာလဲကို မသိပါဘူးကွာ...."
![](https://img.wattpad.com/cover/353077185-288-k825345.jpg)
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...