Unicode
သူတို့ Hospitalရဲ့ အစည်းအဝေးခန်းမကြီးထဲတွင် ဒီ case ကို စိတ်ဝင်စားလို့ လာနားထောင်တဲ့သူတွေကော ။ ခွဲစိတ်မှုထဲ ပါဝင်တဲ့ သူတွေကော။ ပါမောက္ခကြီးအချို့အပြင် ပါရဂူကြီးတွေ လည်းပါပြီး ဒုဆေးရုံအုပ်လည်း ရောက်နေသည်
"ခွဲစိတ်မှုအခြေအနေ အသေးစိတ်တင်ပြပေးပါ "
ဒုဆေးရုံအုပ်ရဲ့ အသံအဆုံးမှာ တီးတိုးပြောနေသံတွေ တိတ်သွားပြီး ခွဲစိတ်နေတုန်းက ခွဲစိတ်ခန်းထဲမှာ ရှိနေခဲ့တဲ့ (ဟောက်ဆာဂျင်)အလုပ်သင်ဆရာဝန်လေးက computerထဲက အချက်အလက်တွေကို LED screenကြီးပေါ်မှာ တစ်ချက်ချင်း ရှင်းပြနေသည်
သူတို့ခွဲစိတ်မှုရဲ့ အသေးစိတ်အခြေအနေတွေ ။ video clip တွေပါ အစအဆုံးဖွင့်ပြပြီးနောက်
"မောင်မင်းခန့်ထည်ဝါ အနေနဲ့ ခွဲစိတ်နေစဉ်အတွင်းမှာ မောင်မျိုးကျော်ဟိန်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့စကား ပြောဆိုခဲ့တယ်ဆိုတာ အမှန်ဘဲလား"
"မှန်ပါတယ်ဗျ ပါမောက္ခ"
မင်းခန့် သူ့ကိုရည်ရွယ်ပြီးမေးတဲ့မေးခွန်းမို့ မဆိုင်းမတွဘဲ ဖြေလိုက်သည်။ ဒေါက်တာမျိုးကျော်ဟိန်းကလည်း သူ့ကို မသိမသာ စိုက်ကြည့်နေသည်
ပါမောက္ခကြီးနဲ့ ပါရဂူကြီးတစ်ချို့ကလည်း အချိန်အတော်ကြာ သူနဲ့ ဒေါက်တာမျိုးကျော်ဟိန်းကို တစ်လှည့်စီ မေးခွန်းမျိုးစုံ မေးနေပြီး ....
"ခွဲစိတ်နေစဉ်အတွင်းမှာ ဆရာဝန်အချင်းချင်း အပေးအယူ မညီညွှတ်မှုက လူနာအပေါ် ဘယ်နှစ်ရာခိုင်နှုန်း ထိခိုက်နိုင်လဲဆိုတာ သိလား"
"သိပါတယ်ဗျ"ײ
"နှစ်ယောက်လုံးက ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်တွေဖြစ်နေပြီး အခုလိုပြသာနာဖြစ်လာတာက ဘယ်သူ့အမှားကြောင့်လို့ထင်လဲ"
"ကျတော့် အမှားကြောင့်ပါ"
မင်းခန့်အတက်နိုင်ဆုံး စိတ်ကိုလျော့ကာ ပြသာနာကိုသေးအောင်ဘဲ ကြိုးစားဖြေလိုက်သည်။သူ့ဘေးက စစ်သွေးကလည်း အားပေးနေသည်။ ပြည့်စုံကတော့ အရေးပေါ်ဌာနက အလုပ်ရှိသေးတာကြောင့် သူတို့နဲ့မရှိနေပါ
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...