Epic (44)

94 3 0
                                    

Unicode

"ဖြောင်း"

"ဘာလဲ ပြည့်စုံ လန့်အောင်...."

မင်းခန့် သူ့အချိန်မှာ အခြားသူအစားထိုးဖို့နဲ့ အချိန်ဇယားပြောင်းပေးဖို့ပြောနေရင်း ဘယ်ကရောက်လာမှန်းမသိတဲ့ ပြည့်စုံက ရုတ်တရက် စာရွက်ကိုစားပွဲပေါ် ရိုက်ချလိုက်တာမို့ လန့်သွားသည်

"ရှားပါးဖြစ်စဥ်! ငါဘာကြီးမြင်လိုက်တာလဲ!! နေမကောင်းတဲ့ရက်တောင် ခွင့်မယူတဲ့သူက အခုလူတောင်အစားထိုးမလို့ပေါ့ဟုတ်လား မင်းခန့်"

"အေး.....ငါသွားစရာရှိလို့"

"မင်းဘယ်သွားစရာရှိတာလဲ မင်းခန့်"

စစ်သွေးကပါ ပြည့်စုံနောက်ကနေကပ်ပါလာကာ မေးတာနဲ့

"ပုဂံ-ညောင်ဦးဘက် သွားစရာရှိလို့"

"ပုဂံ - ညောင်ဦးလား!? မင်းအဖွား ဘာဖြစ်လို့လဲ"

"ငါ့အဖွားလား ဘာမှမဖြစ်ပါဘူး"

"အဲ့ဆို ပုဂံ-ညောင်ဦး ဘာသွားလုပ်မှာလဲ မင်းခန့်"

"ကျစ်! မင်းလည်း ဦးနှောက်လေးဘာလေးသုံးအုံး စစ်သွေး ။ မင်းခန့်အဖွားဘာမှမဖြစ်ပါဘူးဆိုမှတော့ သူ့ကလေးဆီ သွားဖို့နေမှာပေါ့"

"ဘာ! ဟုတ်လား!? "

မင်းခန့်လည်း အံ့သြနေတဲ့ စစ်သွေးနဲ့ပြည့်စုံကို ကြည့်ပြီး

"အင်း ဟုတ်တယ် "

"မရဘူး မရဘူး မင်းခန့်"

"ဟုတ်တယ် မင်းသွားရင် ငါတို့လည်းလိုက်မှာ"

"ဟုတ်တယ်"

စစ်သွေးနဲ့ပြည့်စုံက  သူ့နားလေးရပ်ကာ ဇွတ်ပြောနေတာကြောင့်

"မင်းတို့က ဘာလိုက်လုပ်မှာလဲ?"

"ဘုရားဖူးလိုက်မှာလေ "

"ဟုတ်တယ်"

"ဘယ်သူကခေါ်မယ်ပြောလို့လဲ.....ရှုပ်ရှုပ်ရှက်ရှက်တွေ မခေါ်ဘူး.......ဖယ်.........ကျတော် သွားပြီဗျ "

"ဟုတ်ကဲ့ ဆရာ ဖြေးဖြေးသွားပါရှင့်"

"မင်းခန့်!!  မင်းအဲ့တိုင်းလုပ်လို့မရဘူးလေ........စစ်သွေး ငါတို့ဘယ်လိုလုပ်မှာလဲ"

=EqualWhere stories live. Discover now