Unicode
"တိမ်လွှာ"
"ဟဲ့......တိမ်လွှာ"
"ဟဲ့..... ဟဲ့.... ""ဟမ်....ဘာလဲ .. "
လင်းရောင်နဲ့ကြည်ဖြူနှစ်ယောက်လုံးခေါ်တာကို မကြားဘဲ သုံးခါလောက်ခေါ်မှ ပြာပြာသလဲထူးတဲ့ တိမ်လွှာတစ်ယောက် အစောနက ပြုံးပြုံးလေးနဲ့ တွေးနေတာဖြစ်သည်၊
တကယ်တော့ တိမ်လွှာမနေ့ညက အကိုနဲ့ စကားပြောဖြစ်တာကို ပြန်တွေးပြီး ပျော်နေတာဖြစ်သည် ၊ အကိုက တိမ်လွှာ့ကို အရင်ဆို တိမ်လွှာလို့ခေါ် ပေမယ့် မနေ့ညက "စောစောအိပ်ကလေး"တဲ့
"ဟဲ့ နင့်ကို ဆရာမကြည့်နေတယ်လို့ "
"ဟမ်"
ကြည်ဖြူတိုးတိုးလေး ပြောမှ ထပ်တွေးနေတဲ့တိမ်လွှာရှေ့ကိုကြည့်လိုက်တော့ bioဆရာမက တိမ်လွှာ့ကို ကြည့်နေသည်"အဟမ်း "
တိမ်လွှာလည်း ခပ်တည်တည်နဲ့ချောင်းဟန့်လိုက်ကာ စာကိုကြည့်နေလိုက်သည် ၊ စာကြည့်နေရင်း အကိုခေါ်တာကိုတွေးမိတော့ အမှတ်မရှိပြုံးမိပြန်သည်
အကိုရန်ကုန်ပြန်သွားပြီးကတည်းက တိမ်လွှာတို့ မကြာခဏ lineပေါ်မှာ စကားပြောဖြစ်သည် ၊ အရင်လို မစိမ်းတော့ပေမယ့် သူ့အကြောင်းကိုယ်သိ ၊ကိုယ့်အကြောင်းသူသိနဲ့ ရင်းနှီးလာကြတာ ဖြစ်သည်"တောင်..... တောင်... "
"ကဲ နှုတ်ဆက်မယ်"
မုန့်စားကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ ဆရာမက စာအုပ်ယူပြီး နှုတ်ဆက်ဖို့ပြောတာနဲ့ တစ်တန်းလုံးထကာ နှုတ်ဆက်ကြသည်"ကျေးဇူးတင်ပါတယ် ဆရာမ"
ဆရာမကိုနှုတ်ဆက်ပြီး ဆရာမက အရင်ဆုံးအခန်းထဲကထွက်သွားတာနဲ့တစ်ပြိုင်နက်တစ်ခန်းလုံး ဆူညံသွားတော့သည် ၊တိမ်လွှာတို့Grade-11(A) အတန်းက ဒုတိယထပ်အခန်းဖြစ်တာကြောင့် မုန့်စားကျောင်းဆင်းချိန် အောက်ဆင်းဝယ်ရတာဖြစ်သည်
"နင်တို့အောက်ဆင်းအုန်းမှာလား"
"အေး ဆင်းမှာ"
"အေး"
လင်းရောင်အမေးကို တိမ်လွှာနဲ့ကြည်ဖြူဖြေကာ မုန့်ဝယ်ဖို့ ပိုက်ဆံယူကြတော့သည်"နင်ကော လိုက်မှာလားသခင်"
"ရုံးခန်းတော့လိုက်ခဲ့မယ်လေ "
VOCÊ ESTÁ LENDO
=Equal
Ficção Adolescente"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...