Unicode
စစ်သွေးနဲ့ပြည့်စုံ အမှတ်တရလက်ဆောင်ပစ္စည်းအစုံရောင်းတဲ့စျေးဆိုင်တန်းတွေမှာ အညာလက်ဆောင်လေးတွေ လိုက်ကြည့်နေရင်း.......ပြည့်စုံက သူ့ကောင်မလေးအတွက်ဘဲ ဝယ်နေတော့ စစ်သွေးလည်း ပြည့်စုံကိုထားခဲ့ကာ သူတစ်ယောက်တည်း ပတ်ကြည့်နေလိုက်သည် ။ မင်းခန့်ကတစ်မျိုး ပြည့်စုံကတစ်မျိုးနဲ့ သူဘဲ တစ်ကောင်ကြွက်ဖြစ်နေသည်
"ညီမလေး! ဘာတွေဝယ်နေတာလဲ?"
သခင်ဆိုတဲ့ ကလေးမလေးကိုပါ တွေ့တော့ စစ်သွေး မေးလိုက်သည်
သူတို့တွေမနက်စာ စားကြကတည်းက ထိုကလေးမလေးကို စစ်သွေးစိတ်ဝင်တစားဖြစ်နေတာပင်....။ အစက mask တပ်ထားလို့ မျက်နှာမမြင်ရပေမယ့် maskချွတ်လိုက်တော့ ထိုကလေးမလေးက သူတွေ့ခဲ့တဲ့ ကလေးမလေးနဲ့ အတော်လေး တူနေသလို
ဆက်စပ် တွေးကြည့်တော့လည်း ထိုကလေးမလေးဖြစ်နိုင်ဖို့များသည်"ဆောင်းနှင်းသခင်ပါ"
" ! ဘယ်သူလဲ? "
အစ ကျောပေးနေတာကနေ သူ့ဘက်ကိုလှည့်လာပြီး ပြောတာက.....
"နာမည်က ဆောင်းနှင်းသခင်ပါ"
"အော်.... အကိုလဲ မမေးပါဘူး.....အကိုမေးတာ တစ်ခြားဟာ"
ကားပေါ်မှာ စတွေ့ကတည်းက ဒီကလေးမလေးက ထူးဆန်းပါတယ်လို့ တွေးနေတာ အခုလည်း တစ်မျိုးကြီး ။ စစ်သွေး တွေ့ဖူးတဲ့အခြားကလေးတွေနဲ့ မတူတာတော့အမှန်
"လက်ဆောင်"
"အော်! "
နှစ်လုံးတည်းပြောပြီး ထွက်သွားတာက စပြီးမေးမိတဲ့သူ့ကို အောင့်သက်သက်ဖြစ်စေသည်
"ခနလေး! "
ထွက်သွားတဲ့ထိုကလေးမလေးနောက်ကို သူလိုက်သွားလိုက်သည်
"ဆောင်းနှင်းသခင်ညီမလေး "
"ဟုတ် "
"ဒေါက်တာကြီးနဲ့ကုတာ ညီမလေးဆောင်းနှင်းသခင်မလား "
"ဟင်!! "
သူ့ရဲ့မေးခွန်းကြောင့် ထိုကလေးမလေးမျက်ဝန်းမှာ အံ့သြခြင်းတွေက သိသိသာသာ ။ သူ့ကိုလည်းသေချာအကဲခတ်ကြည့်နေတော့
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...