Unicode
ကျောင်းသူတွေအား ဆရာကငေါက်နေတာကို တစ်ချို့တွေက စိတ်ဝင်တစားကြည့်နေကြပြီး /တစ်ချို့တွေကလည်း ကိုယ်နဲ့မဆိုင်သလို မမြင်ချင်ယောင်ဆောင်သွားကြသည်
"ဆရာ သမီးတို့လည်း အကောင်းဆုံးကြိုးစားခဲ့တာဘဲ"
"အကောင်းဆုံး!!! အကောင်းဆုံးက ဂိုးပြတ်ရှုံးတာကိုခေါ်တာလား ဟမ့်"
"ဆရာ....!!!! "
သူမဆက်မပြောချင်တော့ပါ......မျက်လုံးမှိတ်ပြီး လက်သီးကိုဘဲကျစ်ကျစ်ပါအောင်ဘဲ စုပ်ထားလိုက်သည် ။ ကိုယ့်ကိုယ်ကိုယ်သူများတွေနဲ့မယှဉ်ဘဲ သန်မာအောင်နေချင်ပေမယ့် သူမအသက်အရွယ်က ဘယ်လောက်ရှိသေးလို့လဲ?စိတ်ကုန်နေပြီ ဒီဘဝ ဒီဖြစ်တည်မှု ဒီလိုအခြေအနေတွေအားလုံးကို......
သိမ်ငယ်တယ် သိမ်ငယ်မှုတွေက ဟိုးအနက်ရှိုင်းဆုံးအထိကို ဖြစ်လာနေပြီ.....ဘာလို့များ ငါက ငါကသူတို့လို မဖြစ်လာခဲ့ရတာလဲ
ပြိုင်ဘက်အသင်းနဲ့ပြိုင်တာ ရှုံးလို့ဆိုတော့ ဆရာမြင်နိုင်ခဲ့လား ဒီလောက်မြင်သာနေတဲ့ ကွာခြားချက်တွေကို သူတို့အသင်းကလူတွေစီးထားတဲ့ဖိနပ်နဲ့ ပြိုင်ဘက်အသင်းကလူတွေစီးထားတဲ့ဖိနပ်တောင် ဒီလောက်ကွာဟနေတာ ကျန်တဲ့ကွာခြားချက်တွေဆိုတာ ယှဉ်ပြောစရာကို မလိုတော့ပါ
ဘာလို့လဲဆိုတော့. ...... အားငယ်စိတ်တွေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲရဲ့ ရလဒ်ကဘဲ အရေးပါပြီး.....ဒါတွေက ဆရာ့အမြင်မှာ ဖုန်မှုန့်တစ်မှုန့်စာတောင် အရေးပါမနေဘူးလေ
ပြိုင်ဘက်အသင်းကသူတွေ စီးထားတဲ့ဖိနပ်ကိုမြင်ကတည်းက သူမတို့အားကျခဲ့ရတာ.....ဘာလို့ငါတို့ဖိနပ်က မဲညစ်ညစ်နဲ့ ပြဲရာတွေပါနေပြီး သူတို့ဖိနပ်တွေက တောက်ပြောင်နေရတာလဲ ဘယ်သူမှ မပြည့်စုံတဲ့သူမတို့ဘဝတွေကို မမြင်နိုင်ခဲ့ပါဘူး
ဆိုလိုတာက အမှောင်ဖုံးနေတာမဟုတ်ဘူး အလင်းဖုံးလွန်းသွားတာ အမြင့်မှာတောက်ပနေတဲ့နေလုံးကြီးကို ကြာကြာမော့ကြည့်လိုက်ရင် ပြာထွက်သွားပြီးဘာမှမမြင်ရတော့သလိုဘဲ ထိုလူလည်း ဤအတိုင်းဖြစ်သွားတာဖြစ်လောက်မည်
ŞİMDİ OKUDUĞUN
=Equal
Genç Kurgu"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...