Unicode
" ဘုန်းးးး! ကဲ ကဲ မဆူနဲ့ တိတ်တိတ်နေမယ် "
အားကစားနည်းပြဆရာရဲ့ စာပွဲကိုပုတ်ကာ ပြောတဲ့အသံကြောင့် တစ်ခန်းလုံးငြိမ်သွားတော့
"ခနနေ မင်းတို့အခန်းကို စာရင်းလာကောက်လိမ့်မယ် မကောက်ခင် ကိုယ်ပြိုင်မယ့်ဘက်ကို စဉ်းစားထား"
"ရေး ဟုတ်ကဲ့ ဆရာ"
"ဟုတ်ကဲ့ ခင်ဗျ"
"ဟုတ်!!!!"ဆရာက ပြောစရာရှိတာပြောကာ ထွက်သွားပေမယ့် မနက်ပိုင်းအတန်းချိန်ဆရာမက မလာသေးတော့ တစ်ခန်းလုံး ပြန်ဆူညံကာအသက်ဝင်လာပြန်တယ်
"တိမ်လွှာမောင် ဒီနှစ်ကော နင်ပြိုင်မှာလား..."
"ဟုတ်တယ် နင်ပြိုင်ရင် ငါတို့ကော ပြိုင်ဖို့"
"နင်သာ ပြိုင်ရင် ပျော်စရာကြီးနေမှာ"သူတို့အတန်းခုံရှေ့မှာ ရပ်ကာ တိမ်လွှာ့ကို တကူးတကချိုုချိုသာသာလာမေးတဲ့ သူတို့အခန်းထဲက ကောင်မလေးသုံးယောက်
"အေး ငါပြိုင်မှာ "
မပြိုင်ဘဲ နေမလား သူမကိုယ်တိုင် ပြိုင်ချင်လို့ တောင်းဆိုထားတဲ့ဟာလေ
"တကယ်လား ငါတို့က နင်စာလုပ်မို့ မပြိုင်ဘူးမှတ်နေတာ "
"ဟုတ်တယ် နင်ပြိုင်ရင် ငါတို့လည်းပြိုင်တော့မယ်!"
"နင်နဲ့ တစ်ဖွဲ့တည်းကျချင်လို့နော်"
တိမ်လွှာက နာမည်ကြီးသလို အားကစားမှာလဲတော်တော့ attentionလိုချင်တဲ့ ကောင်မလေးတွေက တိမ်လွှာ့နားကပ်ကာ attentionယူကြသည် တိမ်လွှာနဲ့ တစ်ဖွဲ့တည်းကျရင်ကို သူတို့အတွက် ကံကောင်းမှုတစ်ခုလိုပင် / အရင်က မီတာရှည် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွေမှာ တိမ်လွှာပြိုင်ရင် တိမ်လွှာနဲ့တစ်ဖွဲ့တည်းကျချင်လို့ ပြိုင်တဲ့သူတွေကို ဒုနဲ့ဒေး ၊ အခုလည်း အပျော်လွန်ကာ သူ့နေရာသူပြန်သွားထိုင်တဲ့ ကောင်မလေးတွေ
"တိမ်လွှာ ဒီပုံစံနဲ့ နင်ဘောလုံးကန်မှာ သေချာလား "
ကြည်ဖြူက မနက်ကျောင်းရောက်ကတည်းက နဗူးမှာ ခေါင်းကပ်plasterနဲ့ တိမ်လွှာ့ကို မေးတော့
"သေချာပါတယ်ဆို ကြည်ဖြူရာ ဘာလို့ထပ်ခါထပ်ခါမေးနေတာတုန်း"
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...