Epic (62)

40 0 0
                                    

"ကိုယ့်ကို ကိုကိုလို့ခေါ်ပါလား!........ကလေးလေး..."

"ဟင်!"

တိမ်လွှာ အကို့မျက်နှာကိုဘဲ ငေးမော့ကြည့်နေမိပြီး အချိန်တွေကလည်း ရပ်တန့်သွားသလို...
အား....မဖြစ်နိုင်တာ....သူမဒီလို ရှက်စရာ အသုံးအနှုန်းကို ပါးစပ်က ပြောမထွက်နိုင်ပါဘူး......

"ရှက်သွားတာလား? ကိုယ်က စတာပါ အဆင်မပြေရင်ဘဲ မခေါ်ပါနဲ့ ကလေးလေး"

ဟင်......
အကို စိတ်ဆိုးသွားတာလား.....
အကို့မျက်နှာကိုကြည့်ရတာတော့ စိတ်ဆိုးတဲ့ပုံလည်း မပေါ်ပါဘူး....
တိမ်လွှာ ဘယ်လိုပြန်ပြောရမလဲ...?
ဘယ်လိုပြန်တုန့်ပြန်ရမလဲ?
စဉ်းစားစမ်း မိတိမ်လွှာ...အား.....

"ကို.....ကိုက...."

မင်းခန့် cheery,သီး နှုတ်ခမ်းပါးလေးဆီက ထွက်လာမယ့်ခေါ်သံလေးကို နားစွင့်နေမိပေမယ့် သူ့ရှေ့က ကလေးလေး လုပ်နေတဲ့ပုံစံက သူ့ကို အသည်းတယားယားဖြစ်စေသည်
ဘယ်နဲ့.......
နှုတ်ခမ်းလေးကို ဟလိုက် ပိတ်လိုက် လုပ်လိုက်နဲ့........
မျက်လုံးကလည်း အရှေ့ ‌အနောက် တောင် မြောက် ၃၆၀ဒီဂရီ စုံ‌ေအာင်လှည့်နေသေးသည်
သူ့ရှေ့ကနေ အသည်းယားစွာ လုပ်ပြနေတော့ ခေါ်မယ့်အသံကိုတောင် ဆက်နားမစွင့်နိုင်တော့.......
မျက်ဝန်းထဲမှာ တဝဲလည်လည်ဖြစ်နေတ‌ဲ့ cherryသီးကိုဘဲ ပြေးငုံလိုက်ချင်သည်

"အား...အကို တိမ်လွှာ မခေါ်နိုင်ဘူး"

နားကိုပိတ်ကာ အော်တဲ့ကလေးကြောင့် မင်းခန့်ဘဲ တဟားဟား ရယ်လိုက်ရပါသည်
ဘယ်လိုတောင် ချစ်စရာကောင်းရတာလဲ...

"အဲ့ဆို ကလေးလေး အဆင်ပြေမှခေါ်ပေါ့"

"ဟုတ်
ရလား အကို"

"သိပ် သိပ်ရတာပေါ့ဗျ"

အဟင်း
သူပြောလိုက္မှ ပြန်ပြုံးသွားတဲ့ ကလေးကို ငေးကြည့်နေလိုက်သည်
သူ့ ကလေးလေးက ရှုခင်းတွေနဲ့ ရေပန်းတွေကိုဘဲ ဓာတ်ပုံလိုက်ရိုက်ကာ တကယ်ပျော်နေဟန်

"ကိုယ် ရိုက်ပေးရမလား"

"တိမ်လွှာ့ကိုလား"

"အင်းပေါ့"

"ဟီး ကျေးဇူး အကို...."

သူ့လက်ထဲကို ဖုန်းထိုး‌ေပးခဲ့ကာ ချက်ချင်း မီးလုံးတွေ ချိတ်ထားတဲ့ အပင်အောက်သွားရပ်တော့ အနောက်ကရေပန်းပါ ပါအောင် သူဘဲ နေရာပြလိုက်ရသည်

=EqualWhere stories live. Discover now