Unicode
"ဦးလေး မဂ်လာပါခင်ဗျ "
"မဂ်လာပါရှင့် ဥက္ကဌကြီး "ကားပါကင်ထဲကားရပ်ပြီး သူတို့ ဆေးရုံထဲဝင်လာတော့ ပြည့်စုံနဲ့အတူ ဒုဆေးရုံအုပ်က လာကြိုသည် ၊ သူတို့ဆေးရုံက ပိုက်ဆံရှိသူဌေးတွေဘဲတက်နိုင်တဲ့ ပုဂ္ဂလိကဆေးရုံဖြစ်ကာ နာမည်ကြီးဆရာဝန်တွေလည်းထိုင်တာကြောင့် တော်တော်နာမည်ကြီးသည် ၊ ဒါပေမယ့် တစ်ချို့ဆရာဝန်တွေတောင် ဆေးရုံပိုင်ရှင်ကိုတော့ သိပ်မမြင်ဘူးကြ။ မင်းခန့်အဖေ ဦးမင်းခန့်ကလည်း အခြားလုပ်ငန်းတွေလည်းရှိတာကြောင့် ဆေးရုံကို လာခဲသည်
ဥက္ကဌကြီးဦးမင်းခန့်က ဆေးရုံအုပ်ကို ကြိုဖုန်းဆက်ထားတာကြောင့် သူမတို့ကို ဆေးရုံအုပ်က ကြိုခိုင်းခြင်းပင် ဆေးရုံအုပ်ကတော့ အလုပ်ကိစ္စနဲ့ခရီးသွားနေတာ အခုထိပြန်မလာသေး
"အခုကျွန်တော်က ဒီတိုင်းဝင်လာတာပါဗျာ ကျွန်တော့်ကို ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကို လုပ်ကြပါ"
မင်းခန့်အဖေ ဦးမင်းခန့်က elevatorထဲက ထွက်ကာ အပေါ်ထပ်ကိုသွားတော့ ဒုဆေးရုံအုပ်က ဆေးရုံအုပ်လည်းမရှိတာကြောင့် သူမလဲအလုပ်နဲ့မို့ ဥက္ကဌကြီးနောက်လိုက်မသွားတော့ဘဲ နေခဲ့သည်
"မင်းခန့် ဦးလေးကဘာလို့ လာတာတုန်း မင်းကလည်း ဖုန်းဆက်တာအကျိုးအကြောင်းလည်းမပြောဘူး တန်းချတယ် "
"ပြီးရင်သိမှာပေါ့ကွာ စစ်သွေးကော? "
"အစောနက အရေးပေါ်လူနာမလို့ ခွဲခန်းဝင်သွားတယ် "
"အော် ဘာcase လဲ အဆင်ပြေလား"
"ပြေပါတယ် မပြေစရာမှမရှိတာ "
"VIP ဘက် ဘာလို့တုန်း"သူတို့ VIP Roomsဘက်ရောက်လာတော့ ပြည့်စုံကမေးသည်
"မင်းကြည့်ရင် သိလိမ့်မယ်ပေါ့ကွာ"
"မင်းကလည်းကွာ ပြောတော့ဘာဖြစ်မှာမလို့လဲ"
သူတို့ပြောနေရင်း မင်းခန့်အဖေက ရှေ့ကနေရပ်လိုက်တော့ သူတို့လည်း ပါးစပ်ပိတ်ကာရပ်လိုက်ကြသည်
"ဒေါက် ဒေါက် "
"ကျွီ"
ဦးမင်းခန့်တံခါးခေါက်လိုက်တာ ခနကြာတော့ VIP roomတံခါးပွင့်လာကာ အမျိုးသမီးတစ်ဦးတံခါးလှပ်လာသည်

YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...