Epic(47)

121 2 0
                                    

Unicode

balloonဆင်းတော့ သူများတွေကဘာမှမဖြစ်တဲ့ပုံတွေနဲ့ ပုံမှန်နေပေမယ့် စစ်သွေးနဲ့ပြည့်စုံကတော့ ဘေးမှီတိုင်ကတန်းကို ကိုင်ပြီး အတွေ့အကြုံမရှိတော့ ကြောက်နေရသည် ၊ သူတို့လိုမျိုးကြောက်တဲ့သူများရှိလားဆိုပြီးကြည့်ပြန်တော့လည်း လူတိုင်းကပုံမှန်လိုပင်

မနက်ခင်းနေထွက်ချိန်ကိုကြည့်ရင်း ဧည့်ခံတဲ့ ရှန်ပိန်၊မုန့်နဲ့ သစ်သီးတစ်ချို့ကို သူတို့တွေထိုင်ကာ စားမယ်လို့တွေးထားခဲ့ပေမယ့် နေကိုတိမ်ထူထပ်ပြီး ဖုံးနေကာ ရာသီဥတုက အုံ့အုံ့မိုင်းမိုင်းဖြစ်သွားတာကြောင့် ပို၍နေရထိုင်ရကောင်းသွားသည်

"ကလေး စားလေ"

မင်းခန့် သူ့ကလေးလေးကိုတော့ ရှန်ပိန် နည်းနည်းလေးဘဲထည့်ထားပြီး မုန့်နဲ့အသီးကိုဘဲစားခိုင်းသည်

"ဟုတ် တိမ်လွှာ တော်ပြီ"

တိမ်လွှာ အကိုပေးတဲ့မုန့်တွေကိုယူကာ စားရင်း ဗိုက်ပြည့်နေပြီမို့ ထပ်မပေးဖို့တားယူရသည်အထိပင် အကိုစေတနာပိုသည်က

"breakfast ကိုယ်ကျွေးချင်လို့ပါကွာ ရောက်တုန်းရောက်ခိုက်ကို "

"ကျတော်တို့ တကယ် ဗိုက်ပြည့်နေပြီဗျ  "

မင်းခန့် ပြန်ခါနီး သူ့မိတ်ဆွေအကိုကို နှုတ်ဆက်တော့ B. G. Mရဲ့ပိုင်ရှင်အကိုက breakfastမရမကလိုက်ကျွေးမယ်ပြောတာကြောင့် သူဇွတ်ငြင်းပေမယ့်.......နောက်ဆုံးတော့ အဲ့အကိုရဲ့ မရမကခေါ်မှုကြောင့် သူတို့ B. G .M Hotel ကို လိုက်ဖို့ဖြစ်လာတော့သည်

"ကိုယ် အာမခံတော့ခေါ်သွားရမယ် ညီရေ....."

သူ့အသက် အသက်30စွန်းရုံလေးဘဲ ရှိသေးပေမယ့် ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ အများအပြား သူပိုင်နေပြီ........သူဒီဘဝရောက်အောင် လမ်းပြ၊ကူညီခဲ့တဲ့ ကျေးဇူးရှင် ဦးလေးရဲ့သားလာတာကိုတော့ သူဒီတိုင်းလက်မလွှတ်နိုင် ဧည့်ဝတ်ကျေချင်သည်

"ကျတော်တို့ တကယ်လိုက်ခဲ့မှာပါဗျာ"

"ပိုသေချာသွားအောင်လို့ပါဗျာ......ညီမလေး ကိုယ်တို့ကားနဲ့ လိုက်ခဲ့ပါလား?"

=EqualWhere stories live. Discover now