Epic (15)

231 5 0
                                    

Unicode

『အမျိုးသားနေ့ အကြိုဟောပြောပွဲမလုပ်ခင် တစ်ရက်အလို ကျောင်းဖွင့်တဲ့ တနလ်ာနေ့』

မနက်ဖြန်ဆို အမျိုးသားနေ့အကြိုဟောပြောပွဲလုပ်မှာဖြစ်တာကြောင့် ကျောင်းရဲ့ဟောခန်းထဲမှာ ကျောင်းသားအဖွဲ့တွေ ခန်းမပြင်ဆင်နေကြတာမို့ ရှုပ်ယှက်ခက်နေကြသည်
ပြင်ဆင်မှုအပိုင်းကို ကျောင်းသားတွေက တာဝန်ယူကာ ဆောင်ရွက်နေကြသလို မနက်ဖြန်အတွက် အကြိုဟောပြောဖို့ အပိုင်းနဲ့ အစီအစဉ်တင်ဆက်မှုအပိုင်းအတွက်လည်း ကျောင်းသူတွေက စာရွက်လက်နဲ့မခွာ လေ့ကျင့်နေကြသည်

ကျောင်းရဲ့ အလယ်ခေါင်ကျတဲ့ပင်မ စာကြည့်တိုက်ထဲမှာတော့ အစမ်းဟောပြောနေတဲ့ တိမ်လွှာ့အသံက သာယာစွာ

"ကြွရောက်လာကြတဲ့ ကျောင်းအုပ်ဆရာမကြီး ၊ဆရာ၊ဆရာမများ၊ပညာရေးမှုးနှင့် လူကြီးမိဘများအားလုံးကို ဒီနေရာကနေဘဲ နှုတ်ခွန်းဆက်သလိုက်ပါတယ်/သမီးကတော့ ဒသမတန်း Aမှာ ပညာသင်ယူနေတဲ့ မတိမ်လွှာမောင်ဘဲ ဖြစ်ပါတယ် "

"တော်.....တော်..... တော် "

လင်းရောင်က တော်ခိုင်းတာနဲ့ တိမ်လွှာပြောနေတာ ရပ်သွားကာ

"ဘာလဲ?"

"တိမ်လွှာ နင် သမီးလို့ပြောမို့လား...ကျွန်မလို့ပြောရမယ်ထင်တယ် "

ကိုယ့်ကိုယ်ကိုယ် သမီးလို့ နာမ်စားသုံးနေတဲ့ တိမ်လွှာ့ကို စစ်ပြောလိုက်သည်

"ဟမ်.. ကျွန်မဆိုတာကြီးက ကောင်းဘူးထင်တယ်...သခင်နင်ကော ဘယ်လိုပြောမှာလဲ"

တိမ်လွှာနဲ့ သခင်က တစ်တွဲ /လင်းရောင်နဲ့ ကြည်ဖြူက တစ်တွဲဖြစ်ကာ တေဇကတော့ သူတို့ပြောတာကို ဘာလိုအပ်ချက်ရှိလဲ အကဲဖြတ်ပေးတဲ့သူပင်

"ငါလည်း ကျွန်မလို့ပြောမလို့"

"ဘာလို့လဲ သမီးကကောင်းပါတယ် "

"အရင်ကလိုမျိုးအရွယ်မှ မဟုတ်တာ ငါတို့က စီနီယာတွေဆိုတော့ ကျွန်မလို့ သုံးသင့်တယ်ထင်လို့ "

"နင် အစမ်းပြောကြည့် သခင် "

"အေး လင်းရောင်
ကြွရောက်လာကြတဲ့ ကျောင်းအုပ်ဆရာမကြီး ၊ဆရာ၊ဆရာမများ၊ပညာရေးမှုးနှင့် လူကြီးမိဘများအားလုံးကို ဒီနေရာကနေဘဲ နှုတ်ခွန်းဆက်သလိုက်ပါတယ်/ကျွန်မကတော့ ဒသမတန်း Aမှာ ပညာသင်ယူနေတဲ့ မဆောင်းနှင်းသခင်ဘဲ ဖြစ်ပါတယ် "

=EqualWhere stories live. Discover now