Unicode
"ပွမ် ပွမ်"
လင်းရောင်စောင့်နေတာကြာပြီး ကားဟွန်းသံကြားတာနဲ့ ရှေ့ကြည့်တော့ ဂိတ်ပေါက်ကဦးလေးက ပြာပြာသလဲတံခါးပေါက်ဖွင့်ပေးနေသည် ၊
မင်းခန့်ကျောင်းဂိတ်တံခါးဖွင့်တာနဲ့ ကားကိုမောင်းဝင်လာလိုက်သည်
"အမ လွယ်အိတ်ယူအုံးလေ"
သူတို့ကားရပ်တာနဲ့ ကားတံခါးပေါက်ဖွင့်ကာ ဆင်းတော့မယ့်အမကို သရ၀ဏ် လွယ်အိတ်လှမ်းပေးလိုက်သည် ၊အစောနက ကိစ္စဖြစ်တုန်းက ပြန့်ကျဲနေတဲ့ အဲ့အမစာရွက်တွေနဲ့ စာအုပ်တွေကို သူကိုယ်တိုင်လိုက်ကောက်ပေးခဲ့သည်မလား
"ကျေးဇူးတင်ပါတယ် အန်ကယ်နဲ့ အကိုမင်းခန့်ထည်ဝါ စကားနဲ့မလုံလောက်ပေမယ့် ကူညီခဲ့တာကို ကျိန်းသေပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ် "
သခင်ကားပေါ်ကဆင်းကာ အန်ကယ်တို့နှစ်ယောက်ရှေ့သွားပြီး ခေါင်းငုံ့ကာ ကျေးဇူးတင်စကားဆိုလိုက်သည်
"ရပါတယ် သမီး ကျေးဇူးတင်ခံချင်လို့ ကူညီခဲ့တာမှမဟုတ်တာကွယ် မလိုပါဘူး...အန်ကယ့်သားလေးကသာ သမီးကိုအရင်တွေ့ပြီး ကားပြန်လှည့်ခိုင်းလို့ပါ "
သူ့ကိုရည်ညွှန်းကာ ပြောတဲ့ဒယ်ဒီကြောင့် ဟိုအမကပါ ကြည့်လာတာနဲ့ သရ၀ဏ်ရှက်သွားသည်/ဟိုက တစ်ချက်လေးကြည့်တာကို ငါကဘာဖြစ်နေတာလဲ အမိန့်ချမယ့်တရားသူကြီးရှေ့ ဒူးတုန်ရင်တုန်နဲ့ ရပ်နေရတဲ့ အပြစ်သားတစ်ယောက်လို
"ကျေးဇူးပါ မောင်လေး အမအပေါ် အကျွေးတင်သွားပြီလို့ မှတ်လိုက်ပါ တစ်ချိန်ချိန် အမကူညီနိုင်တာရှိရင် ပြောပါ အမကူညီပါ့မယ်"
"ကျတော် ပြောမှာက မဖြစ်နိုင်တာဆိုရင်ကော ရလား"
"မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး မောင်လေး မဖြစ်သေးတာဘဲရှိတာပါ"
မပီမပြင်အပြုံးနဲ့ ပြုံးပြသွားတဲ့ အမကိုကြည့်ပြီး သရ၀ဏ် တွေးမိသည် / အပြုံးလေးတောင် အပီအပြင် ပြုံးမသွားဘူး ပြုံးပြတာလေးကိုတောင် နှမြောနေတာ /အမပြောသလို မဖြစ်နိုင်ဘူးဆိုတာသာ တကယ် မရှိခဲ့ရင် ကျတော့်ကောင်မလေး ဖြစ်နိုင်တယ်မလား
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...