Unicode
"ဆရာမကြီး ကျွန်တော့်သမီး ပါးရိုက်ခံရတာကို ဘယ်လိုလုပ်မှာလဲ!!ဘာမှမဟုတ်တဲ့ 1နာရီလောက်အပြစ်ပေးတာလေးနဲ့ ကျေနပ်ရမှာလား "
"စမှားတာက ဒီဘက်ကကလေးတွေပါ /အစောနလေးကကြားလိုက်တယ်မလား အရင်ရိုက်ဖို့ရွယ်တာ ဒီဘက်ကသမီးမလား ! ကြီးတဲ့အမှုငယ်စေဘဲ လုပ်ရမယ်ရှင့် ၊ ပြီးတော့ နှစ်ဘက်လုံးက ကလေးတွေက ဘဝကိုအဆုံးအဖြတ်ပေးမယ့် 10တန်းတက်နေရတာ...ကျွန်မက ဒီဘက်က ကလေးသုံးယောက်ကို အပြစ်မပေးတာကဘဲ လွန်အုံးမယ် / သားသမီးယုံလို့ စုံလုံးကန်းတဲ့မိဘမျိုး မဖြစ်ပါစေနဲ့"
"သမီးတို့လည်း ဘာလို့ မဟုတ်မမှန်တဲ့ အလိမ်အညာစကားပြောရတာလဲ /ဆရာမကြီးက အဲ့လိုလူမျိုးကို အရမ်းမုန်းတယ်ဆိုတာ သိတယ်မလား...သမီးတို့ဘာတွေမှားလဲ ဆိုတာ သမီးတို့ဘာသာသမီးတို့ ပြန်သုံးသပ်ချည် ဆရာမကြီးဘာမှမပြောချင်ဘူး ဆရာမကြီး သမီးတို့ကိုသိပ်စိတ်ပျက်တာဘဲ "
ဟို5ယောက်ကိုခါကျ ဘာမှမပြောဘဲ သူတို့သုံးယောက်ကို ဆရာမကြီးက စိတ်ပျက်တယ်ဆိုတော့ အံ့ကိုကြိတ်ကာ နာကြည်းမိသည် /မှားလား မနာလိုမိတာ မှားလား အမြဲတမ်း ဟိုအဖွဲ့ကြည့်ဘဲ ကျောင်းက အခမ်းအနားတိုင်းမှာ ဟောပြောရတယ် /အရေးပေးခံရတယ် / ပညာရေးမှူးတူကတောင် မုန့်လိုက်ကျွေးသေးတယ်တဲ့ ၊ ဟိုအဖွဲ့ကိုဘဲ ဘာလို့အဲ့လိုလုပ်နေကြတာလဲ သူတို့ကကော သူတို့ကကော ဘာဖြစ်နေလို့လဲ ၊ လောကကြီးကအဲ့လိုဘဲလား ပိုက်ဆံရှိတဲ့သူ စာတော်တဲ့သူကိုဘဲအရေးပေးချင်ကြတာ သူတို့သုံးယောက်လည်း 1to10တော့ ဝင်ပါသည် /ဟို5ယောက်လိုမျိုး အရေးပေးခံရအောင် ကြိုးစားသည် /သူတို့ကိုများ အရေးပေးမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဆရာမတွေရှေ့မှာကြိုးစားပြသည် /ဒါပေမယ့် အမြဲတမ်း သဲထဲရေသွန် သူတို့ရဲ့နှစ်ရှည်လများကြိုးစားမှူက ဆရာမတွေရဲ့မျက်စိထဲမှာ တစ်နေရာစာလေးတောင် မရှိခဲ့ /ဟို5ယောက်လောက်မတော်လို့လား? သူတို့မိဘက ဟိုအဖွဲ့ကမိဘတွေလောက် မချမ်းသာလို့လား? သူတို့လိုမျိုး မြို့မျက်နှာဖုံးမဟုတ်လျှင်တောင် သာမန်ပြေလည်နေတဲ့မိသားစုထက်ပိုတာကို ဘာလို့လဲ လူတွေကဘာလို့ အဲ့လိုမျိုးမျက်နှာလို မျက်နှာရလုပ်နေကြတာလဲ!!
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...