Unicode
*ပွမ် ပွမ်*
"အယ် ဟိုမယ် သခင်ပြန်ရောက်နေတာ "
ကိုကြီးတည်တံ့ရဲ့ ကားဟွန်းတီးသံနဲ့အတူ ကြည်ဖြူရဲ့လက်ညိုးထိုး ပြမှုကြောင့် တိမ်လွှာကားမှန်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်
"ဟုတ်သားဘဲ သခင် ဘယ်တုန်းကပြန်ရောက်တာလဲ မသိဘူး"
သခင် ၊ လင်းရောင်နဲ့ တေဇကလည်း ဟွန်းတီးသံကြောင့် မြင်သွားကာ သူတို့ကားဆီလျှောက်လာနေသည် ၊ ကျောင်းဝန်းထဲက ကားပါကင်ဆီ ကိုကြီးတည်တံ့က ကားထိုးပြီးတာနဲ့ တိမ်လွှာတို့နှစ်ယောက်လည်း ကားပေါ်ကဆင်းကာ ဟိုသုံးယောက်ဆီ အပြေးတစ်ပိုင်းသွားလိုက်သည် ၊ထမင်းစားကျောင်းတက်ခါစ အချိန်မို့ ကျောင်းသား/သူတွေ အခုမှ အတန်းထဲကိုယ်စီဝင်တုန်းရှိသေးသည်
"နင်ဘယ်တုန်းက ပြန်ရောက်တာလည်း? သခင်! "
"ခုနလေးကမှ ရောက်တာ တိမ်လွှာ "
"အော် "
"နင်တို့နိုင်ခဲ့လား?"
"ဟမ်"
သခင်က မေးပြီး လင်းရောင်နဲ့တေဇကပါ သူမတို့ပုံစံတွေကိုကြည့်ကာ နိုင်လားဆိုတဲ့ပုံစံနဲ့ကြည့်လာတော့ တိမ်လွှာ ရုတ်တရက်ဘာပြန်ပြောရမလဲ စဉ်းစားနေတုန်း
"ငါတို့နိုင်ရင် ဒီချိန်ပြန်လာပါ့မလားဟ ရှုံးခဲ့လို့ပေါ့ "
ကြည်ဖြူကဘဲ သခင့်ပုခုံးကိုပုတ်ချကာ ဆရာကြီးဆိုက်နဲ့ ပြောသည်
"တကယ်ကြီး!! ငါက နင်တို့နိုင်မယ်ထင်နေတာ "
"ငါလည်း နိုင််မယ်ထင်နေတာဘဲ တေဇ"
"အဲ့ဆိုဘာလို့ ရှုံးသွားတာတုန်း ကြည်ဖြူ"
"ရှုံးချင်လို့ပေါ့ဟာ ရှည်လိုက်တာ တေဇရာ "
"ငါ့လာပြီး ရှုံးမဲ မဲမနေနဲ့ ကြည်ဖြူမ"
"ဘယ်မှာမဲနေလို့လဲ ဖင်မစတားနဲ့ "
"နင်သာ ဖင်ခေါင်းစတားနေတာ"
တေဇနဲ့ ကြည်ဖြူသတ်ရင်း ကျောင်းဆီလမ်းလျှောက်လာကာ
"ငါတို့အဝတ်အစား သွားလဲလိုက်အုံးမယ် ချမ်းတယ်"
"နင်တို့ဝင်နှင့်"
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...