မင်းခန့် ကားမောင်းနေရင်း စိတ်ကူးထဲက ကောင်မလေးကို ပုံဖော်ကြည့်နေမိသည်။ သူ့ကလေးလေး သူ့ကို တွေ့ရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ တွေးရင်း လာနေတဲ့ Phone callတစ်ခုကြောင့် သူအလျင်အမြန်ဘဲကိုင်လိုက်ရသည်
"ဟယ်လို ဒေါက်တာ"
"ဟယ်လို ညီ"
"ကျတော် location ပို့ထားပါတယ်ဗျ ၊ ဂိတ်ပေါက်ရောက်ရင် နာမည်ပြောလိုက်ရင် တံခါးဖွင့်ပေးပါလိမ့်မယ် ဒေါက်တာ ဒီတိုင်းမောင်းဝင်လာခဲ့လို့ရပါတယ် "
"ကျေးဇူး ညီ ။ ကျတော်လည်း ချက်ချင်းထွက်လာခဲ့လိုက်တော့ ပစ္စည်းတစ်ချို့ ကျန်ခဲ့လို့ နေပြည်တော်က ပင်မဆေးရုံသွားပြီး စီစဉ်ရအုံးမယ် "
"အဲ့ဒီ့အတွက် စိတ်မပူပါနဲ့ ဒေါက်တာ။ အိမ်ရောက်ရင် ဒေါက်တာလိုအပ်တာသာ ပြောလိုက်ပါ သူတို့စီစဉ်ပေးဖို့ ကျတော်ပြောထားပါမယ် "
"အဲ့ဒါဆို အဆင်ပြေပါတယ်ဗျ "
"ဟုတ်ကဲ့ဒေါက်တာ တစ်ခုခုလိုအပ်ရင် ကျတော်မှာထားတဲ့သူတွေကို ပြောလိုက်ပါ ၊ ကျတော် အလုပ်ကိစ္စတစ်ခုကြောင့် မအားလပ်နေလို့ ဧည့်မခံဖြစ်တာတော့ ခွင့်လွတ်ပေးပါ "
"ရပါတယ်ဗျာ ကျတော်က ဆေးလာကုတာပါ ဧည့်သည်လာလုပ်တာ မဟုတ်ပါဘူးဗျ"
"ဟုတ်ပါပြီဗျာ ။ ဒါနဲ့ ဒေါက်တာ! တည်းခိုဖို့လည်း အိမ်မှာဘဲ သီးသန့်အခန်းစီစဉ်ပေးထားပါတယ်ဗျ လိုအပ်တာရှိရင်ပြောလို့ရပါတယ် "
"ဟို အားနာပေမယ့် ကျတော်....အိမ်မှာတော့မတည်းတော့ဘူးဗျ ။ ကျတော် personal ကိစ္စတစ်ချို့ရှိလို့ဗျ "
"ဟုတ်ကဲ့ ဒေါက်တာ အဲ့ဆိုလည်း ကျတော်မတားတော့ပါဘူး ကျတော်ဖုန်းချခွင့်ပြုပါ ခင်ဗျ "
"ဟုတ်ပါပြီ ခင်ဗျ"
တစ်ဖက်က ဖုန်းချသွားတာနဲ့ မင်းခန့်ပို့ထားတဲ့ location ကိုကြည့်ကာ စိတ်ဝင်စားသွားသည် ။ပို့ထားတဲ့ location က နေပြည်တော် Hotel Zone ထဲက နေရာတစ်ခုဖြစ်နေပြီး အတော်လဲကျယ်ဝန်းလှကာ ဘယ်လောက်ကျယ်လဲဆို poor တွေကော ဘေ့ဘောကွင်းကိုပါ Mapကနေ အရှင်းသား မြင်နေရသည်
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...