Epic (45)

112 3 0
                                    

Unicode

"အိမ်နံပါတ် ဘယ်လောက်တဲ့လဲ သေချာရှာစမ်း ပြည့်စုံ။ မင်းလည်းအခုမှရောက်ဖူးတဲ့သူလို လုပ်မနေနဲ့"

"အော်....ခရီးသွားနေရင် ဒေသန္နာရဗဟုသုတဆိုတာ ရှာရတယ် ကိုသွေးရဲ့ ဇွတ်ဘဲ "

"အော်ကလီဆန်လိုက်တာကွာ"

"အယ်ဗျာ မင်းလည်းမရှာဘဲနဲ့ ငါ့ဆရာလုပ်မနေနဲ့"

"ငါရှာနေလို့ ပြောတာပေါ့"

မင်းခန့်ကားကိုဂရုစိုက်မောင်းနေရင်း အနောက်ကနှစ်ကောင်ရဲ့ ကိုက်သံတွေကိုပါ ကြားနေရသည် ၊ ကိုယ့်feelနဲ့ကိုယ်နေချင်ပေမယ့်..... မခေါ်ဘူးလို့ပြောတာကို မရမကဇွတ်လိုက်လာပြီး တစ်လမ်းလုံးမပျင်းရတဲ့ ဒီနှစ်ကောင်ကြောင့် နောက်လှည့်ကာ

"မင်းတို့ပါးစပ်တွေပိတ်ထားစမ်းပါ ဘာမှအကူမရဘူး အာရုံပြားတယ်"

"ဘာ!!ပြောရက်လိုက်တာ ဝါရာ တစ်လမ်းလုံးကူမောင်းလာခဲ့တဲ့မျက်နှာမှ မထောက်"

"ဟုတ်တယ်မင်းခန့် ငါတို့မှာမင်းနောက်လိုက်လာတာ ခရီးကပန်း အိပ်ရေးကပျက် ဒီရောက်ပြန်တော့လည်း မနားရသေးဘူး "

ပြည့်စုံနဲ့စစ်သွေး သူ့နောက်လိုက်လာတာ နားသာညီးတာ အကူတော့ရသည် ၊ တစ်လမ်းလုံးကားကို တစ်ယောက်ကလှည့်စီ မောင်းလာပြီး
ဖွားမေနဲ့ကြီးကြီးဆီရောက်တော့လည်း Balloonအစောကြီးသွားစီးမှာမို့ ပြင်ဆင်ပြီး ခရီးဆက်လာတာ ။ပြည့်စုံနဲ့စစ်သွေးကို အိမ်မှာဘဲနေခဲ့ဖို့ပြောတော့လည်းballoonတစ်ခါမှ မစီးဖူးတဲ့ သူတွေမို့ လိုက်လာကြပြန်သည်

"ငါအိမ်မှာ နားနေခဲ့လို့ပြောတယ်လေ မင်းတို့ဘာသာလိုက်လာပြီး"

"ငါတို့နှစ်ယောက်က balloonစီးချင်လို့လေ။နောက်နေ့မှမစီးဘဲ ဘာလို့ဒီနေ့စီးလဲ ပင်ပန်းတယ်"

"ဟုတ်တယ် မင်းခန့်"

"balloonက မင်းတို့နှစ်ယောက် စီးချင်တိုင်းစီးလို့ရတယ်လို့  ထင်နေလား။ ရာသီဥတုအခြေနဲ့ကိုက်ညီမှ စီးရတာလေကွာ။  balloonစီးဖို့ကို ငါ့မိတ်ဆွေအကိုရဲ့ ဟိုတယ်နဲ့ ချိတ်ပြီးသား သူတို့လည်း ဒီနေ့balloonလွှတ်တင်တယ်တဲ့"

=EqualWhere stories live. Discover now