Epic (8)

227 5 0
                                    

Unicode

"စစ်သွေး ငါပြန်ပြီ "

"အေး bye bye "

မင်းခန့် ညပိုင်းdutyချိန်းတာနဲ့ စစ်သွေးကိုနှုတ်ဆက်ပြီး ကားဆီထွက်လာခဲ့လိုက်သည် ၊သူက ဆေးရုံအနီးနားလေးမှာဘဲ အိမ်နဲ့ခြံဝယ်ထားကာ ဆေးရုံနဲ့လည်းနီးတော့ အမြဲတမ်းလိုလိုအဲ့ဒီ့မှာဘဲနေဖြစ်သည်၊ အခုလည်း သူတို့အိမ်ဆီမသွားတော့ဘဲ ကားကိုသူ့ကိုယ်ပိုင်အိမ်ဘဲ မောင်းလာလိုက်တော့သည်

မင်းခန့်လည်း ကားပါကင်ထဲ ကားထိုးပြီးတာနဲ့အိမ်ထဲဝင်လိုက်သည်၊သူတစ်ယောက်ထဲနေတာမို့ ခမ်းနားလှပတဲ့အိမ်ကသန့်ရှင်းကာ တောက်ပြောင်နေတော့သည်

"တီ.... တီ.... "
မင်းခန့်က အမြဲတမ်းအလုပ်ပြီးတိုင်း ရေချိုးတက်တဲ့အကျင့်ရှိတာကြောင့် ရေချိုးခန်းထဲဝင်ကာ ရေချိုးနေခြင်းဖြစ်သည်၊ရေချိုးနေချိန်... အိပ်ယာပေါ်တင်ထားတဲ့ဖုန်းက မြည်လာတာကြောင့် ရေစက်လေးတွေတွဲခိုနေတဲ့ချောမောတဲ့မျက်နှာက ပြုံးသွားကာ တဘက်ပတ်ပြီး ဖုန်းသွားကိုင်လိုက်သည်

"ဟယ်လို အကို အိမ်ပြန်ရောက်ပြီလား"

ဖုန်းကိုင်လိုက်တာနဲ့ ထွက်လာတဲ့ကလေးမျက်နှာလေးနဲ့အသံလေးက  အလုပ်ပင်ပန်းလာတဲ့မင်းခန့်ကို အမောပြေစေသည်

"ရေချိုးနေတာပါဗျာ "

"ဟာ...! အကိုရှက်စရာကြီး "

မင်းခန့်ကို အိမ်ပြန်ရောက်ပြီလားမေးလို့ သူရေချိုးနေတာဖြစ်ကြောင်း phone cameraကို ခန္တာကိုယ်အပေါ်ပိုင်းမြင်အောင်ပြလိုက်မိတာကို ရှက်ပြီးဖုန်းတန်းချသွားတဲ့ ကောင်မလေးကြောင့် မင်းခန့်ကြောင်ကြောင်ကြီး ဖြစ်သွားသည် ၊video callပြန်ခေါ်ဖို့လုပ်ပေမယ့် သူကရေချိုးမပြီးသေးတော့ တော်ကြာ ဒီကလေးမလေး နောက်တစ်ခါဖုန်းထပ်ချသွားမှဖြင့် ဆိုတဲ့အတွေးနဲ့ ရေအရင်ချိုးဖို့ ဆုံးဖြတ်လိုက်သည်

တစ်ဖက်က တိမ်လွှာကတော့ ခေါင်းအုံးပေါ်မျက်နှာအပ်ကာ မျက်လုံးမှိတ်ပြီး ရှက်ရမ်းရမ်းနေတော့သည် ၊အကိုက အကျီမပါဘဲ ရင်အုပ်ကြီးနဲ့ အားးးးးးးးးးးရူးတော့မှာဘဲ ငါဘာတွေတွေးနေတာလဲ...... .!!!!!

=EqualWhere stories live. Discover now