Epic (31)

128 3 0
                                    

Unicode

"ငါထင်တယ် ထင်တယ်.....နင်နည်းနည်းစောင့်ပြီးမှ လုပ်တော့ဘာဖြစ်မှာမလို့လဲ "

ကြည်ဖြူက ခပ်ကျိတ်ကျိတ်ပြောတော့ သခင်က လုပ်လိုက်တာ သူမ မဟုတ်သလို နေနေကာ

"ဘယ်သူမှမမြင်လိုက်ပါဘူး ကြည်ဖြူကလည်း"

တိမ်လွှာကပါ ကြားထဲကနေ ဖာပေးမှ အသံထွက်လာတာက

"ဖြစ်နိုင်တယ်"

"ငါစိတ်ညစ်တယ် နင်တို့နဲ့လည်း ဟိုမယ်ကြည့်လိုက်အုံး သူ့အခြေအနေက တော်တော်ဆိုးသွားတယ်လေ"

ကြည်ဖြူပြောသလို ခြေခေါက်သွားတဲ့Cတန်းက တစ်ယောက်က ဆရာနဲ့ကျောင်းသားတစ်ချို့ရောက်လာပြီး ဆေးပေးခန်းထဲခေါ်သွားဖို့လုပ်ရာ မတော်တဆ ခြေထောက်ထိမိလိုက်တိုင်း အော်ငိုနေတာပင်

"သခင် နင် နောက်မလုပ်တော့နဲ့"

"မတားနဲ့"

"ဘာလို့လဲ "

ဟိုတစ်ယောက်ကို ဆေးပေးခန်းထဲခေါ်သွားပြီး ကျန်တဲ့ဘောလုံးကန်တဲ့သူတစ်ချို့ကလည်း အနောက်ကနေလိုက်သွားတော့ ကွင်းထဲမှာ သူတို့သုံးယောက်နဲ့ လူတစ်ချို့ဘဲရပ်နေဆဲ

"သူတို့ တိမ်လွှာ့ကိုလုပ်ထားတာလေ"

"သူတို့လုပ်တာ တိမ်လွှာအဲ့လောက်မဖြစ်ဘူးလေ သခင်ရာ"

"လုပ်တာက လုပ်တာဘဲ မဟုတ်ဘူးလား?"

"ဒါပေမယ့်.........."

ကြည်ဖြူဆက်မပြောချင်တော့ပါ သခင်နဲ့ယှဉ်မပြောနိုင်တာကြောင့် သက်ပြင်းတစ်ချက်ချကာ

"ဒါပေမယ့် နင်ဆက်မလုပ်တော့နဲ့ဟာ ဒီလောက်ဆိုတော်သင့်ပြီ"

"သခင် ငါလည်းဘာမှမဖြစ်ဘူးလေနော် နင်တို့လည်းပါလာပြီဆိုတော့ဟိုဘက်အသင်းကိုဘဲ နိုင်အောင်ကစားရအောင်လေ နော်...နင်တို့ငါ့ကြောင့် ဒီပြိုင်ပွဲထဲ ပါလိုက်တာလည်း သိပါတယ်.........နော်လို့ "

"ဒါဆိုလည်း.......နင်တို့သဘောဘဲ"

သူတို့တွေပြောပြီးတော့ ဘောလုံးကွင်းထဲမှာလဲ လူမစုံသေး၊ ဆက်ကစားမလား ဒီနေ့နားတော့မလား မသိတာနဲ့ ကွင်းထဲကနေ လင်းရောင်နဲ့တေဇထိုင်နေတဲ့နေရာဆီ  ထွက်လာခဲ့လိုက်သည် ၊ Cတန်းကတစ်ယောက်ကို လင်းရောင်နဲ့တေဇကြည့်နေတာ မြင်ပေမယ့် သခင်လုပ်လိုက်တာကိုတော့ မပြောဖို့တိုင်ပင်ထားလိုက်သည်

=EqualWhere stories live. Discover now