Epic (20)

217 4 0
                                    

Unicode

"အကို ဒီမှာ တစ်ရက်လောက် မနေတော့ဘူးလား "

" ကိုယ်က တစ်ရက်ဘဲခွင့်ယူလာတာ ကလေး"

"ဟာ..အဲ့ဆို အခုပြန်တော့မှာပေါ့ "

"ညအမှီ ရန်ကုန်အရောက်မောင်းရမှာ မလို့လေ"

တကယ်တော့ မင်းခန့်လည်းညောင်ဦးမှာဘဲ ဆက်နေချင်သေးသည် ၊ ချစ်ရတဲ့ကောင်မလေးကို စားချင်တာလေးတွေ ဝယ်ကျွေးမယ် /ဖြစ်ချင်တာလေးတွေ လုပ်ပေးမယ် / ချစ်သူ့မျက်နှာလေး ပြုံးနေမှ စိတ်ချမ်းသာသလို /သူ့ကောင်မလေးပြုံးဖို့ သူအကုန်လိုက်လုပ်ပေးချင်သည် ၊အချစ်ရှိရာအရပ်ကိုဘဲ မျက်နှာမူချင်တာ ချစ်မိသူတို့ဓမ္မတာပင်

"ကိုယ့်ဦးလေးနဲ့ ကြုံလို့ လိုက်လာတာ ကလေးရဲ့ ဆေးရုံမှာက ကိုယ်မရှိလို့ မရဘူးလေ "

ဟုတ်လဲဟုတ်ပါသည် / မင်းခန့်တို့ဆေးရုံမှာရောက်နေတဲ့ အရေးကြီးပုဂ္ဂိုလ်ကိစ္စက ရှိသေးသည်မလား

"တော်ပါပြီ အကိုမအားရင်လည်း ဆွဲမထားပါဘူး အကိုလာတာနဲ့တင် မိုက်နေပြီ "

"ဟား " အကိုကလည်း ကလေးလေးကိုတွေ့ချင်လွန်းလို့ကို လိုက်လာတာပါဗျာ "

လက်မလေးထောင်ကာ ချစ်စဖွယ်ပြောတဲ့ကောင်မလေးကို ခေါင်းလေးပုတ်လိုက်သည် ကျောင်းတက်ချိန်ဆိုပေမယ့် အခမ်းအနားကို အပြီးသတ်ရှင်းနေတဲ့သူတွေနဲ့ တာဝန်ကျကျောင်းသား/သူတစ်ချို့က သူ့တာဝန်နဲ့သူ လုပ်စရာရှိတာလုပ်ကာ သွားလာလှုပ်ရှားနေကြသည်

'အကို! "

"ဗျာ"

"အကို့မှာ ကောင်မလေးရှိလားဟင်"

တိမ်လွှာ အရင်ကတည်းက မေးချင်တဲ့မေးခွန်းကို မဝံ့မရဲ မေးလိုက်သည် /အဖြေကောင်းကိုဘဲ ကြားချင်သည် ၊သူမလက်မခံနိုင်တဲ့အဖြေဆို သေချာပေါက် မကြားချင် /မေးသာမေးတာ ရင်တွေခုန်ကာ ဒူးတွေကတုန်နေလို့ လက်နဲ့သေချာဖိထားလိုက်ရသေးသည်

"ကလေးဘယ်လိုထင်လဲ"

"ရှန် အကို့ပုံစံနဲ့ အကို့အသက်အရွယ်ဆိုရှိမယ်လို့ထင်တယ်"

"မှန်တယ်"

"ဟင်"

သူ့ကို မျက်လုံးလေးပြူးကာ အလန့်တကြားလာကြည့်တဲ့ကောင်မလေးကို မင်းခန့် ပါးလေးနှစ်ဖက်ကို ဖျစ်လိုက်ကာ ပြုံးပြီး

=EqualWhere stories live. Discover now