Epic (33)

105 4 0
                                    

Unicode

"တေဇက ဘယ်မှာနေတာလဲ ဆရာမကြီးအိမ်မှာဘဲလား "

"ဟုတ်ဘူးဗျ ကိုကြီးတည်တံ့အောင် ကျတော်က သခင်တို့ရပ်ကွက်ထဲမှာဘဲ နေတာ  "

စစ် သူနဲ့ရွယ်တူလောက်ပေမယ့် လေးစားသမှုနဲ့ တိမ်လွှာတို့တွေခေါ်သလိုဘဲ ခေါ်လိုက်သည်

"သခင်နဲ့ တစ်ရပ်ကွက်သားတွေပေါ့ တစ်ယောက်ထဲနေတာလား "

"ဟုတ် တစ်ယောက်ထဲနေတာ။ တစ်ခါတစ်လေတော့ အဒေါ်အိမ်ကို သွားအိပ်ပါတယ်။ သခင့်အိမ်တော့မသိဘူး ရပ်ကွက်တူတာဘဲ ပြောပြလို့သိတာ"

"အော် အဲ့ဆို မင်းကိုအရင်လိုက်ပို့မယ်လေ ရှေ့ကနေ လမ်းပြတေဇ"

"ဟုတ် "

တေဇက သူတို့ဆိုင်ကယ်ရှေ့ကနေ သွားတော့ သူတို့ကနောက်ကနေ လိုက်ခဲ့သည် ကြားထဲမှာ  သခင့်အိမ်ရှေ့ကဖြတ်ရတော့ တစ်ခြံလုံးအိမ်ကြီးကပါမှောင်မဲနေကာ တိတ်ဆိတ်နေ၏။

"မီးပျက်နေတာလား သခင် နင့်အိမ်က"

" အေးနော် မှောင်မဲနေတာဘဲ "

"ဘယ်ကသာ သူများအိမ်တွေလင်းနေတာကို တိမ်လွှာရာ "

"ဟုတ်သားဘဲ"

တိမ်လွှာပြောတာကို ကြည်ဖြူက သူများအိမ်တွေလင်းနေတယ်ဆိုမှ သခင်တို့အိမ်ဘဲ မှောင်နေတာ သတိထားမိသည်။ခြံဝန်းကြီးက အကျယ်ကြီးမို့ တစ်အိမ်နဲ့တစ်အိမ်က လှမ်းနေသဖြင့် ရုတ်တရက် မီးပျက်တယ်ဘဲထင်လိုက်တာပင်

"ငါ မီးဖွင့်ခဲ့ဖို့ မေ့သွားတာ"

"အော် မှောင်နေတာ နင့်အိမ်လား "

စစ်လည်းအခုမှ သိတာက သူကျောင်းလာတိုင်း တွေ့နေကျ ခြံအကျယ်ကြီးနဲ့အိမ်က သခင့်အိမ်တဲ့

"အေး"

"ငါကျောင်းလာတိုင်း အဲ့အိမ်ရှေ့က ဖြတ်ရတာ ဘယ်သူ့မှမတွေ့ပါဘူး နင့်တောင်မမြင်ဘူး တကယ် နင့်အိမ်လို့ကို မထင်တာ ဒီတိုင်းလူမနေနဲ့အိမ် မှတ်နေတာ "

"နင့်အိမ်နဲ့ နီးလား"

"အေး ငါ့အိမ်က ဟိုဘက်တစ်လမ်းအကျော်မှာ နီးတယ်"

=EqualWhere stories live. Discover now