မင်းခန့်အစက ကလေးလေး သူ့သူငယ်ချင်းတွေကို ဆင်းခေါ်တယ်ထင်ထားပေမယ့်
ကားပေါ်ကဆင်းကာ လုပ်လိုက်တဲ့ ကလေးရဲ့ လုပ်ရပ်ကြောင့် မျက်လုံးပြူးကာ သူပြေးသွားလိုက်သည်ကိုယ့်သူငယ်ချင်းအရင်းကြီးကို ရိုက်လိုက်ရတဲ့အထိ ဘာတွေများဖြစ်ပျက်သွားခဲ့တာလဲ?
"ကလေး တော်ေတာ့နော် ကိုယ်နားလည်တယ်...ညောင်ဦးကိုဘဲ ပြန်ရအောင်နော်...."
နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိသေးလည်း သူမသိပေမယ့်....ကားပေါ်မှာတုန်းက အခြေအနေကိုကြည့်ပြီး တစ်ခုခုရှိမယ်ဆိုတာ သူရိပ်မိပါသည်
ဟိုတယ်ကလည်း ညဘက်ရောက်နေပြီမို့ လူသိပ်မရှိပေမယ့် တိတ်ဆိတ်နေတဲ့ညမှာ အသံက အထင်းသား ကြားနေရသည် ။ သူ ကလေးနားမှာ ရပ်ပြီး ဖြောင်းဖြပေမယ့် သူ့အေပါ်မှာ အာရုံရောက်နေပါ
"ငါ တောင်းပန်ပါတယ် တိမ်လွှာ"
တိမ်လွှာ နှုတ်ခမ်းကိုဘဲ ကိုက်ထားမိသည် ။ မဖိတ်ခေါ်ထားတဲ့ မျက်ရည်တွေကလည်း စီးကျနေပြီး
တိမ်လွှာ့ရှေ့က သွေးအေးအေးနဲ့ တောင်းပန်စကားဆိုလာတဲ့ သခင့်ကိုကြည့်ကာ နာကျည်းတဲ့စိတ်က ပိုပိုနက်လာသည်"ဘာလို့လဲ လို့....ဘာလို့လဲ.....ဘာလို့ ငါ့အပေါ်အဲ့လို လုပ်ရက်ကြတာလဲ"
သူမ သခင့်ပုခုံးကိုကိုင်ကာ ထိုစကားဆိုတော့ သခင်က အလန့်တကြား ကြည့်လာသည် ။ ဘာလဲ နင့်ရဲ့ အဲ့ဒီ့အကြည့်က နင်ဘာလို့ ဘာမှမသိနားမလည်သလို ကြည့်နေတာလဲ
အရာရာမှာ နင်မသိတာ ဘာမှမရှိဘူးမလား သခင်ရဲ့"ငါ ငါနဲ့ မဆိုင်ဘူး တိမ်လွှာ....ဒါပေမယ့် ငါတောင်းပန်ပါတယ်.."
"အဲ့ဒါဘာစကားလည်း သခင်...
နင်နဲ့မဆိုင်ဘူးဆိုတာ ဘာစကားလဲ?
နင့်အမေက ငါ့အဖေနဲ့ဖောက်ပြန်နေတာလေ အဲ့ဒါနင်နဲ့ မဆိုင်ဘူးဆိုတော့ ဘယ်သူနဲ့များဆိုင်အုံးမှာလဲ""ဟင်"
"ဟမ်"
သူမစကားကြောင့်လည်း အခုထိ ဘာမှမသိသေးတဲ့ သုံးယောက်ဆီက အသံတွေ ထွက်လာသည်
သခင်ကလည်း သူမကို အံ့ဩသလို ကြည့်နေသည်
![](https://img.wattpad.com/cover/353077185-288-k825345.jpg)
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...