Epic (30)

167 5 0
                                    

Unicode

"ပါချင်လို့လား? ရတယ်လေ တစ်ခါတည်း စာရင်းပေးလိုက် သမီးတို့ နှစ်ယောက်လုံးလား"

"ဟုတ် "

သူတို့သုံးယောက် သခင့်ကိုဆက်ခနဲလှည့်ကြည့်တော့ သခင်က သူ့ပုံစံအတိုင်းဘာမှမတုန့်ပြန်ဘဲ သူမလုပ်ချင်ရာလုပ်နေ၏

"အဲ့ဆို အခန်းသော့ယူသွား သမီးတို့ ၊ ပညာဆောင် အပေါ်ထပ်အခန်းထဲမှာ အားကစားဝတ်စုံနှစ်စုံထုတ်လိုက် "

"ဟုတ် "

"ခနနေ လူစားထိုးမှာ မြန်မြန်လာခဲ့နော်....သမီးတို့နှစ်ယောက်ကို ဝင်ခိုင်းမှာ"

"ဟုတ်.....လာသွားမယ် ကြည်ဖြူ ။  နင်တို့နှစ်ယောက်နေခဲ့"

"ဟမ် "

ဆရာပေးတဲ့သော့ကိုယူပြီး ကြောင်ကြည့်နေတဲ့ကြည်ဖြူ့လက်ကိုဆွဲကာ သူတို့ကို ထားခဲ့ပြီး သခင်ပြေးထွက်သွားခဲ့သည်၊ အနောက်က ကျန်ခဲ့တဲ့သူတို့နှစ်ယောက်ကတော့ ကွင်းထဲက တိမ်လွှာ့ကို ကြည့်ဖို့ကျန်ခဲ့၏
---------------------
"သခင်! ငါတို့ပြိုင်မို့လား"

ကြည်ဖြူ အားကစားအဝတ်အစားလဲနေရင်း သခင့်ကိုမေးတော့

"အေး နင် တိမ်လွှာ့အတွက် လက်စားမချေချင်ဘူးလား "

"ဟမ်! "

"ဆရာပြောတာမကြားဘူးလား အနည်းနဲ့အများ ထိခိုက်ဒဏ်ရာရတာတော့ ရှိမှာဘဲတဲ့လေ အဲ့ဒီ့ အနည်းနဲ့အများကို ငါတို့လည်း လုပ်လို့ရတာဘဲ "

သခင်က ဒီလိုဆိုပြန်တော့ မဆိုးဘူးဘဲ ဟု ကြည်ဖြူတွေးရင်း

"အဲ့ဆို နင်ဘောလုံးကန်တက်တယ်ပေါ့"

"မကန်တက်ဘူး"

"ဘာ မကန်တက်ဘဲနဲ့"

"ငါက ဘောလုံးကန်ဖို့ ကွင်းထဲဝင်တာမှ မဟုတ်တာ "

" ဘာ!? အဲ့ဆို ဘာလုပ်ဖို့လဲ "

"လူကန်ဖို့လေ"

"ဟမ် တကယ်ကြီးလား သခင်ရာ"

"အေး "

အဝတ်အစားလဲပြီးတာနဲ့ သူမကိုပြောကာ အပြင်ထွက်သွားတဲ့ သခင့်နောက်ကျောကို လှမ်းကြည့်ပြီး ကြည်ဖြူ ကြက်သီးပါထမိသွားသည် ၊ သခင်က အမြဲတမ်းစကားကို ရှည်ရှည်ဝေးဝေးမပြော သူမလုပ်ချင်ရာကို ဘယ်သူ့မှမတိုင်ပင်ဘဲ ဇွတ်လုပ်တက်တာကြောင့် တကယ်ကြီးလုပ်တော့မှာလား ?
-----------------
"အခြေအနေ "

=EqualWhere stories live. Discover now