Unicode
"တိမ်လွှာ "
"အေး "
"ရော့"
သူတို့နှစ်ယောက် ကျောင်းမုန့်စျေးတန်းမှာ ဘေးချင်းကပ်လျှောက်ကာ စကားပြောနေရင်း တေဇက ပြောတာမို့ တိမ်လွှာလည်း ကြည့်လိုက်တော့
"နင်ကြိုက်တယ်ဆိုလို့ ငါယူလာတာ"
"ဘာကြီးလဲ?"
တိမ်လွှာမေးကာ တေဇပေးတဲ့ဘူးကြီးကို ယူလိုက်တော့
" အခု ဖွင့်ကြည့်လေ "
"နေအုံး ခန"
တေဇက တိမ်လွှာ့လက်ထဲက ဘူးကိုဖွင့်မလို့လက်လှမ်းတာကြောင့် တိမ်လွှာတားလိုက်တော့
"ဘာလဲ"
"နင် အကောင်ပလောင်တွေထည့်ပြီးတော့ တော့ မနောက်နဲ့နော်"
"ဘာ....မဟုတ်ပါဘူးဟာ မုန့်ပါ"
"ဘာမုန့်လဲ?"
တိမ်လွှာသံသယဖြစ်တာ အကြောင်းမဲ့မဟုတ် အခုသူတို့ကျောင်းမှာခေတ်ထနေတာက ပျော့အိအိနဲ့ အကောင်အစစ်လိုထင်ရတဲ့ ပိုးတုံးလုံးကောင်အတုတွေဖြစ်တာကြောင့် တေဇလည်း သူမကိုအဲ့တာနဲ့စမှာကြောက်နေတာပင်
"ဟူးးးထိုးမုန့်"
"မန္တလေးထိုးမှုန့်လား? "
"အေး"
တေဇအဖြေကိုမစောင့်တော့ဘဲ သူမဗုံးကိုဖွင့်လိုက်တော့ စက္ကူဗုံးအထဲမှာ အပြာရောင်ကော်ဗူးအကန့်သုံးကပ်နဲ့ ညီညီလေးညပ်ကာ ထည့်ထားတဲ့ ထိုးမှုန့်တွေ....ခက်ရင်းသေးသေးလေးတစ်ချောင်းလည်းပါတာမို့ သူမ သီဟိုစေ့နဲ့မြေပဲပါတဲ့ အတုံးအိအိလေးတစ်ခုကို ထိုးကာ စားလိုက်တော့
"ဝိုး ကောင်းလိုက်တာ....ဒီမည်းမည်းက ဘာအရသာလဲ "
"ချောကလတ်လေ....ဟိုဟာက မလိုင်"
"yeah ငါ့အကြိုက်တွေကြည့်ဘဲ"
"အဲ့ကြောင့် ငါပေးတာပေါ့"
"အေး....ကြည်ဖြူနဲ့ လင်းရောင်နဲ့အတွက်ကော"
"မပါဘူးလေ ငါ့မှာဒီသုံးမျိုးဘဲရှိတော့လို့ ငါက နင့်ဘဲပေးတာ"
"ဟမ်.....သူတို့လည်း ကြိုက်တယ် ၊ မဟုတ်လည်း....ဒါတွေအကုန် ငါမကုန်ဘူးရယ်"
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...