Epic (3)

349 11 0
                                    

Unicode

"ကြည့်ပါအုံး မကြီးတူလေးက အချောလေးဘဲ၊
သားအမေကော နေကောင်းလား ?"
ဦးဇော်မိုး အမလင်းလို့ခေါ်သွားတဲ့ အန်တီက မင်းခန့်ထိုင်တဲ့စားပွဲနားလာကာ မင်းခန့်အမေကိုပါ သိနေတာမို့

"ဟုတ်ကဲ့ အန်တီ နေကောင်းပါတယ်ဗျ"

"အေး ကောင်းပါတယ် သားရန်ကုန်ပြန်ရင် သားအမေဆီကို အန်တီမေလင်းက သတိရတယ်လို့ ပြောပေးပါအုံး မတွေ့ရတာကို ကြာပေါ့ "

"ဟုတ်ကဲ့ အန်တီ ပြောလိုက်ပါ့မယ်ဗျ "

နေ့လယ်စာ စားဆင်းချိန် ရောက်တာနဲ့ တိမ်လွှာတို့လေးယောက် ကျောင်းပြင်ထွက်လာခဲ့ကြသည် ၊ တိမ်လွှာနဲ့ကြည်ဖြူနဲ့က နေ့လယ်စာကို လင်းရောင်တို့ဆိုင်မှာ စားပေမယ့် သားသတ်လွတ်သမား မိသခင်ကတော့ထမင်းချိုင့်ဘဲ ထုပ်စားသည်

"တိမ်လွှာ ဟိုမှာတီလင်းနဲ့စကားပြောနေတာ ဘယ်သူတုန်း....အဆင်လေးဟ"
ကြည်ဖြူပြောတော့ကြည့်လိုက်တော့ တီလင်းနဲ့စကားပြောတဲ့သူကို မြင်ဖူးသလိုလို ဘယ်မှာမြင်ဖူးလို့ မြင်ဖူးမှန်းမသိ

"ငါကဘယ်သိမှာတုန်း ဒါပေမယ့် မြင်ဖူးနေသလိုဘဲ "
တိမ်လွှာပြန်စဉ်းစားကြည့်တော့ မနက်ကစက်ဘီးနဲ့လူ!

"အော် အဲ့ဒါ မနက်ကငါနဲ့တိုက်မိမလိုဖြစ်တဲ့သူဟ "

"ဟမ် မနက်ကနင်နဲ့တိုက်မိမလိုဖြစ်တာ အချောလေးဘဲ တိမ်လွှာရ ငါတို့ထက်တော့ အသက်ကြီးမယ့်ပုံဘဲ"

တိမ်လွှာသေချာကြည့်လိုက်တော့ တီလင်းနဲ့စကားပြောနေတဲ့သူက ရင့်ကျက်တဲ့ပုံစံနဲ့ ချောတာတော့အမှန်

"နင်တို့တွေလေပေါမနေနဲ့ ငါတို့တောင်ထိုင်နေပြီ ဆိုင်ရှေ့မှာဘာရပ်လုပ်နေကြတာတုန်း မြန်မြန်လာ"
လင်းရောင်အသံကြောင့်ကြည့်လိုက်တော့ သစ္စာဖောက်နှစ်ယောက်က ဆိုင်ထဲတောင်ထိုင်နေကြပြီ

မင်းခန့်အသံကြားတော့ကြည့်လိုက်တော့ မနက်က cherryသီးလေး သူငယ်ချင်းတွေနဲ့ နေ့လယ်စာ လားစားတာထင်တယ်

cherryသီးလေးနဲ့က တစ်နေ့အတွင်းမှာကို နှစ်ခါရှိပြီဆုံတာ
cherryသီးလေး ကလည်း သူ့ကိုမှတ်မိပုံရတယ် သူ့သူငယ်ချင်းနဲ့တော့ ဘာတွေပြောနေမှန်းမသိ

=EqualWhere stories live. Discover now