Unicode
*ဒုန်းးးးးးးဒုန်းးးးး *
ကောင်းကင်ကြီးတစ်ခုလုံးမှောင်မဲနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပေမယ့် တံခါးထုသံ ကျယ်ကျယ်လောင်လောင်ကိုတော့ သူမအိပ်နေတဲ့ အခန်းထဲကနေတောင် အတိုင်းသားကြားနေရသည်
"ဘယ်သူလဲ?"
အိမ်အကျယ်ကြီးထဲမှာ တစ်ယောက်ထဲနေရပေမယ့် သူမတစ်ခါမှ ထိုသို့မကြုံဘူးပေ ။အိပ်ချင်မူးတူးဖြစ်နေတဲ့စိတ်ကို နိုးနိုးကြားကြားလုပ်လိုက်ကာ တံခါးထုရိုက်သံကြားနေရတဲ့ဆီကို ဖြေးဖြေးချင်းလျှောက်လာပြီး လက်ထဲမှာလည်း နီးရာ အားကစားလုပ်တဲ့ သံတုတ်ကို ကိုင်လာခဲ့လိုက်သည်။ အများနဲ့ဆိုရင်တော့ သူမ မယှဉ်နိုင်ပေမယ့် တစ်ယောက်ထဲဆိုရင်တော့ ရိုက်ရုံဘဲဖြစ်သည်
အပေါ်ထပ်ကနေ အောက်ထပ်ရောက်တဲ့အထိ တံခါးထုရိုက်သံက ကြားနေရဆဲမို့ သူမဟိုးအရင်တစ်ခါကျောင်းသွားတဲ့လမ်းမှာ လူဆိုးတွေနဲ့ကြုံဖူးတာကို ပြန်တွေးမိကာ
အလာတုန်းက အားတင်းထားပေမယ့် ပင်မတံခါးနားလေးရောက်တော့ ခြေထောက်က ဆက်မသွားရဲတော့ပေ ။ ကြောက်စိတ်က လူကိုစိုးမိုးလာပြီး နှလုံးခုန်သံတွေမြန်လာကာ သူမတဖြည်းဖြည်းနောက်ဆုတ်မိသွားသည်
*ဒုန်းးးးးးဒုန်းးးးးးဒုန်းးးးး*
"အားးးးးး"
သူမ တံခါးကိုစိုက်ကြည့်နေတဲ့အချိန် တံခါးဆီကနေ ရုတ်တရက် ထုရိုက်သံကြီးကို နီးနီးကပ်ကပ် ထပ်ကြားလိုက်ရတော့ လန့်သွားကာ အော်လိုက်ပြီး လက်ထဲက ကိုင်လာတဲ့သံတုတ်ပါ ပြုတ်ကျသွားတော့သည်
"ခွမ်းးးးးး"
အိမ်အတွင်းထဲကနေ အော်သံနဲ့အတူ တစ်ဆက်ထဲ ဆူညံအသံတစ်ချို့ပါ ထပ်ကြားလိုက်ရတော့ လင်းရောင် စိုးရိမ်သွားကာ
"သခင်!!!!! သခင်!!!!!!! ဆောင်းနှင်းသခင်!! "
*ဒုန်းးးးးးးဒုန်းးးးးး*
"သခင်!!! တံခါးဖွင့်အုံးးး!! "
*ကျွီ*
ခနကြာတော့ တံခါးပွင့်လာပြီး သခင့်ရဲ့ကြောင်စီစီ ဖြစ်နေတဲ့မျက်နှာကို မြင်လိုက်ရတာနဲ့ သူ သခင့်နားသွားကာ
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...