Epic (53)

84 1 0
                                    

*ကျွီ.....ကျွီ.... *

နေပြည်တော် တိရိစ္ဆာန်ဥယျာဉ် အပြင်ဘက်မှာ အစီအရီရပ်လိုက်တဲ့ ကျောင်းလေ့လာရေးခရီးသွားကားတန်းအရှည်ကြီးကြောင့် တိရစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်ကြသူတွေနဲ့ ခရီးသွားတစ်ချို့ရဲ့ အာရုံဟာ ထိုကားတွေပေါ်က ဆင်းလာမယ့်သူတွေအပေါ်မှာ ရှိနေကြသည်

"...ဒီလေ့လာရေးခရီးသွားတာက ခွေထုတ်မှာတဲ့လား? "

တိမ်လွှာတို့ ကားပေါ်ကဆင်းကာနီး ကိုယ့်လွယ်အိတ်ကိုလွယ်ကာ IDကဒ်ကို ရှေ့ထုပ်ဆွဲလိုက်ပြီး အဆင်သင့်အနေအထားနဲ့ အနောက်က မပြီးသေးတဲ့ လင်းရောင်တို့ကို လှမ်းမေးလိုက်သည်

"ဟုတ်တယ် တိမ်လွှာ "

"အစောနက ငါ ဆာဖာရီဥယျာဉ်ကို မြင်ခဲ့တယ် နင်တို့ကော မြင်ခဲ့သေးလား?"

တေဇက သူ့လွယ်အိတ်ကို စတိုင်ကျကျတစ်ဖက်လွယ်ရင်းမေးတော့  တိမ်လွှာလည်း အံ့သြသွားသည်

"ဟမ် ဆာဖာရီဥယျာဉ်ကို ကျော်ခဲ့ပြီလား? တေဇ"

"ဟုတ်တယ်လေ ဆာဖာရီဥယျာဥ်က ဟိုမှာကို..."

"ဘယ်မှာလဲ? "

တေဇ သူ တိမ်လွှာကို လှမ်းပြီးလက်ညိုးညွှန်ပြတာကို တိမ်လွှာက မမြင်တော့ တိမ်လွှာမြင်နိုင်လောက်မယ့် ကားပြတင်းပေါက်နားကနေပြီး ထိုပြတင်းပေါက်နားမှာထိုင်နေတဲ့ သူနှစ်ယောက်ကို ခနဖယ်ခိုင်းကာ တိမ်လွှာ့လက်ဆွဲခေါ်ပြီး ရေးရေးလေး လှမ်းမြင်နေရတဲ့ နေရာကို ပြလိုက်သည်

"ဟိုမယ်လေ မြင်လား?  ငါတို့လှမ်းမြင်နေရတယ်လေ တိမ်လွှာ "

"အော ဟို ဟာလေးလား? "

"အေးးးး ဟုတ်တယ် အဲ့ဒါ ဆာဖာရီဥယျာဉ်ဘဲ "

"တိရစ္ဆာန်ဥယျာန်နဲ့ နီးနီးလေးကို "

"ဟုတ်တယ် တူတူဘဲလေ.....တကယ်တော့ ငါက ဆာဖာရီဥယျာဉ်ကို သွားချင်တာ အဲ့မှာမှ ငါတို့က သံဇကာကားထဲကနေပြီး တိရစ္ဆာန်တွေကို ဘေးမဲ့ကြည့်ရမှာ"

"ငါတော့ အဲ့လိုမကြည့်ရဲပါဘူး....ငါတို့အဲ့လိုကြည့်နေချိန် ကျားတွေ ခြသေႅ့တွေက ငါတို့ကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ ကြောက်စရာကြီး "

=EqualWhere stories live. Discover now