Epic (37)

91 3 1
                                    

Unicode

"သမီးတို့နှစ်ယောက် ခနနေအုံး "

"ရှန်.....ဟုတ်"
"ဟုတ် "

ညနေကျောင်းဆင်းပြီး ပြိုင်ပွဲပြီးတော့ အကုန်လုံးကိုယ့်ပစ္စည်းကိုသိမ်းကာ ပြန်နေကြတာနဲ့ တိမ်လွှာတို့နှစ်ယောက်လည်း ရေဘူးနဲ့သူမတို့ပစ္စည်းတွေသိမ်းနေစဥ် ဆရာက ပြောတာကြောင့် ပစ္စည်းတွေမြန်မြန်သိမ်းပြီးစောင့်နေလိုက်သည်

"ဆရာတို့ ဟိုကိုကျောင်းတက်တဲ့အချိန်သွားမှာ သမီးတို့အကုန်ပြင်ဆင်လာခဲ့နော် နောက်မကျစေနဲ့"

"ဟုတ်ကဲ့ "ײ

"စောစောလာခဲ့နော် လူစစ်ရအောင်"

"ဟုတ်! "ײ

သူမတို့ကိုဆရာကပြောပြီး ထွက်သွားတော့ မလှမ်းမကမ်းမှာ လွယ်အိတ်တွေကိုင်ပြီးစောင့်နေတဲ့ လင်းရောင်နဲ့တေဇက လက်ပြသည်

"မြို့နယ်သွားရတဲ့ထဲ ငါတို့နှစ်ယောက်ပါတယ်"

" အော်....ဟုတ်လား"
"ငါ သိသားဘဲ"

တိမ်လွှာ လင်းရောင်နဲ့တေဇကို သူမတို့မြို့နယ်ပြိုင်ရမယ့်အကြောင်း ပြောလိုက်တယ်။ မြို့နယ်ကိုသွားရတဲ့ 11ယောက်ထဲမှာ  10တန်းအသင်းက 7ယောက်ပါပြီး 9တန်းအသင်းက 4ယောက်ပါကာ....စိတ်အနှောင့်အယှက်ဖြစ်တာကတော့ 10တန်းအသင်းကပါတဲ့ 7ယောက်ထဲမှာ Cတန်းက 2ယောက်ပါနေခြင်း ပင်

"အိမ်တန်းပြန်မှာလား  "

"နင်တို့ ဘယ်လိုလုပ်မှာလဲ?"

တေဇက တိမ်လွှာ့ကိုကြည့်ကာ ပြောတော့ ကြည်ဖြူကဘဲ မေးလိုက်၏ ။

"အချိန်မရှိတော့ဘူး အိမ်ပြန်မနေဘဲ ငါတို့ကြည်ဖြူ့အိမ် တစ်ခါတည်းသွားလိုက်ရအောင်"

"အေး အဲ့တာကောင်းတယ် တိမ်လွှာ"

"နင့်သဘောလေ အိမ်တစ်ခေါက်ပြန်နေရင်လည်း စာသင်ပြီးပြန်တဲ့အချိန်ကျရင်  ညည့်နက်သွားလိမ့်မယ် ဒီနေ့တစ်နေ့လုံးစာကို စာတွေက"

"အေး"

တေဇနဲ့လင်းရောင်ကလည်း ထောက်ခံတာကြောင့် တိမ်လွှာတို့ ကျောင်းကနေ ကြည်ဖြူတို့အိမ်ကိုဘဲ တိုက်ရိုက်သွားလိုက်သည် ၊ ဟိုရောက်တော့ ကိုကြီးတည်တံ့အောင်လည်း ရှိနေတာနဲ့ ဒီနေ့သင်လိုက်တဲ့စာတွေကို တိမ်လွှာနဲ့ကြည်ဖြူ့ကို စသင်တော့သည် ၊ လင်းရောင်နဲ့တေဇကလည်း စာကျေအောင် သူတို့နဲ့အတူတူပြန်သင်သည်

=EqualWhere stories live. Discover now