Unicode
မင်းခန့်နဲ့စစ်သွေး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ချက်ချင်းခြေထောက်ကို မော်တာတက်ကာ VIP Room ဘက်ပြေးတော့သည်
"ဒုန်းးး "
"တောက်..."
"ဟာကွာ အရေးထဲမှ "
ဓာတ်လှေကားက ဖွင့်မရတာကြောင့် မင်းခန့် မပွင့်လာတဲ့ ဓာတ်လှေကားခလုပ်ကိုဘဲ ဆက်တိုက်နှိပ်နေစဥ်
"မင်းခန့် ဒီဘက် ဒီဘက် မြန်မြန်"
စစ်သွေးက လှေကားကိုတက်ကာ ပြေးတော့ မင်းခန့်လည်း မြန်မြန်ပြေးလိုက်ရသည် / နောက်ကနေ nurseမလေးတွေက သူတို့ကို အော်ခေါ်မေးနေတာကို ပြန်ဖြေကြားမရဘဲ အပေါ်ထပ်ကိုမြန်မြန်ရောက်ဖို့သာ တွေးပြီးပြေးနေ၏ ၊ သူတို့ပြေးလာတဲ့အသံကြောင့် လူနာစောင့်တစ်ချို့ကလည်း ထွက်လာကာ သူတို့ကို ကွက်ကြည့်နေသည် / အခုလောလောဆယ်တော့ ဘာကိုမှ ဂရုမစိုက်အား အဓိကသူတို့ဆေးရုံမှာတက်နေတဲ့ ခရိုနီပုဂ္ဂိုလ်သာ တစ်ခုခုဖြစ်သွားလျှင် သွားပြီ......
"ဒုန်း"
အခန်းရှေ့ရောက်တာနဲ့ အရှိန်သပ်ကာ လော့မခတ်ထားတာကြောင့် တံခါးကိုဖွင့်လိုက်တော့....လူနာဦးလေးကကုတင်ပေါ်မှာလှဲနေကာ အန်တီက အမဲရောင်ဝတ်စုံနဲ့လူအရှေ့မှာ ကာရပ်နေတာကြောင့်
"ဘုန်းးး "
"ခွပ်...ခွပ်."
မင်းခန့်လည်း ချက်ချင်းပြေးသွားကာ အမဲရောင်နဲ့လူရဲ့ ကော်လံကိုဆွဲပြီး ထိုးလိုက်တော့ အနောက်ကိုလက်ထောက်ကာ လဲကျသွားသည်
"ဒုတ်..."
"အွတ် အ.. "
တစ်ဆက်တည်း စစ်သွေးကပါ လက်ကိုချုပ်ပြီး နံရံကိုအဲ့လူမျက်နှာမူကာ ဆွဲကပ်လိုက်တော့ အမဲရောင်ဝတ်စုံနဲ့လူဘက်က အသံထွက်လာပြီး
"ဂျောက်"
"ဟင်"
စစ်သွေးရဲ့အသံကြောင့် မင်းခန့်လည်း စစ်သွေးနဲ့ဟိုလူကို ကြည့်လိုက်တော့ စစ်သွေးချုပ်ထားတဲ့ကြားထဲက စစ်သွေးဗိုက်ကိုလက်နောက်ပြန်ထောက်ထားတာက pistol(ပစ္စတို)တစ်လက်/ စစ်သွေးကလည်း ကျောက်ရုပ်တစ်ရုပ်လို ချုပ်ထားမြဲ ရပ်နေသည်
အရာအားလုံး 3စက္ကန့်လောက် တိတ်ဆိတ်သွားပြီး..
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...