Unicode
"မင်းတို့ ဒေါက်တာကြီးကို သွားတွေ့လိုက်အုံးလေ"
မင်းခန့်သူ့ရုံးခန်းထဲသူထိုင်နေရင်း ရုံးခန်းထဲဝင်လာတဲ့ စစ်သွေးနဲ့ပြည့်စုံကြောင့်
"တွေ့ပြီးပြီ"ײ
"ဘယ်တုန်းက တွေ့လိုက်တာလဲ "
"အစောနကမှ တွေ့တာ ငါတို့နှစ်ယောက်နဲ့ "
စစ်သွေးကသူနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ပြောပြီး ဝင်ထိုင်လိုက်ကာ
"မင်းခန့်! ဒေါက်တာကြီးက သူ့အသိရဲ့သမီးကလေးမလေးကို ကြည့်ပေးဖို့ ဟိုကနေဒီအထိကို တကူးတကလာခဲ့တာဆို"
"အေး မင်းတို့ကိုလည်း အဲ့တိုင်းပြောတာလား"
ပြည့်စုံက တွေးတွေးဆဆနဲ့ မင်းခန့်ကိုမေးတော့ မင်းခန့်လည်း ပြည့်စုံနဲ့ စစ်သွေးကိုကြည့်ကာ မေးလိုက်၏။
" ဟုတ်တယ် ၊ အဲ့ကလေးမလေးက ဘယ်သူလဲတော့ မသိပေမယ့် ဒေါက်တာကြီးနဲ့တော့ရင်းနှီးတဲ့ပုံဘဲ"
"မင်းတို့ တွေ့ခဲ့တာလား? စစ်သွေး"
"ပြည့်စုံကမတွေ့ပါဘူး ငါနေ့လယ်က အဲ့ဘက်သွားရင်း လျှပ်တပျက်မြင်လိုက်တာ....ထူးဆန်းတဲ့သားအမိနှစ်ယောက်ထင်တယ် "
"အော် "
မင်းခန့်လည်း သူ့လူနာရဲ့ဆေးမှတ်တမ်းကိုဘဲ ပြန်ဖတ်နေလိုက််သည် ၊ ဘယ်သူဘဲဖြစ်ဖြစ် ဘယ်ကဖြစ်ဖြစ် သူနဲ့မှမဆိုင်တာ
"ဒေါက်တာကြီးက မနက်ဖြန် မနက်လေယျာဉ်နဲ့ပြန်မှာဆိုတော့....."
"အေး ပြည့်စုံ"
"ဦးလေးကော သိလား"
"သိတယ် အမြဲတမ်းအဆက်အသွယ်လုပ်နေတာဘဲကွာ မအားလို့မတွေ့တာထင်တယ် "
"အော် "
"မင်းကော မပြန်သေးဘူးလား တော်တော်နောက်ကျနေပြီနော် "
"ပြန်တော့မှာပါ မင်းလည်း နှင်လွှတ်နေတာလား"
"အေး မြန်မြန်သွားအေးတာဘဲ"
"သွားပါပြီဗျာ ကျတော် စိတ်ရင်းတွေသိသွားပြီ "
တံခါးကိုစောင့်ပိတ်ကာ စောင့်အောင့်ထွက်သွားတဲ့ပြည့်စုံကို ကြည့်ပြီး မင်းခန့်တစ်ချက်ပြုံးလိုက်ကာ ဒီဘက်ကြည့်လိုက်တော့ စစ်သွေးကအေးဆေးထိုင်ကာ သူဖတ်နေတဲ့ ဆေးစာကိုကောက်ဖတ်နေတာနဲ့
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...