Unicode
"နင်တို့တွေ အထဲမဝင်သေးဘူးလား"
ရပ်စောင့်နေကြတဲ့ သူတို့အတန်းထဲကသူတွေကပါ သူတို့အဖွဲ့ကို စပ်စုသလိုကြည့်နေတာကြောင့် တေဇဘဲ စကားလမ်းကြောင်းလွဲလိုက်သည်
"အေး လူမစုံသေးလို့လေ နင့်စောင့်နေတာ..နင်လဲလာပြီဆိုတော့ အထဲဝင်ရအောင်လေ "
တေဇက ကျောင်းအုပ်ဆရာမကြီးတူ /စာတော်တဲ့ အဆင်လေးမို့ တစ်ခန်းလုံးက ကျောင်းဝန်းထဲမဝင်သေးဘဲ စောင့်နေကြတာမဟုတ်ပါ
ကျောင်းမှာ လူပေါင်းထောင်ချီရှိပေမယ့် ကိုယ့်အတန်းနဲ့ကိုယ်နေကြကာ၊အမြဲတမ်း ဖေးမကာအတန်းသားအချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ စည်းစည်းလုံးလုံးရှိကြသည်/G-11အတန်းတူရင်တောင် အခန်းမတူတဲ့ အခြားအခန်းကသူတွေနဲ့ သိပ်အပေါင်းအသင်းမလုပ်ကြ /အခုလည်း အထဲဝင်လို့ရရဲ့သားနဲ့ လူမစုံသေးလို့ တစ်ခန်းလုံးစောင့်နေကြသာကြည့် ပြီးတာနဲ့... သူတို့အတန်းက လူတွေအကုန်လုံးဆုံတာနဲ့ ကျောင်းဝန်းထဲကို ဝင်ခဲ့ကြတော့သည်"ဦးလေး ဒီနေ့ပိတ်ရက်မဟုတ်ဘူးလား"
သူတို့ကို ကျောင်းက လျှပ်စစ်တံခါးရဲ့ ခလုတ်နှိပ်ကာ ဖွင့်ပေးနေတဲ့ ကျောင်းဂိတ်က ဝန်ထိမ်းဦးလေးကိုကြည့်ပြီး တိမ်လွှာမေးလိုက်တော့
"မဟုတ်ပါဘူး သမီးရယ် ဒီနေ့ သန့်ရှင်းရေးလုပ်ရမှာလေ...သမီးတို့အတန်းကကော ဒီနေ့မပိတ်ဘူးလား"
"ဟုတ် ဦးလေး ဆရာမက ခေါ်ထားတာတဲ့"
"အေးကွယ် ဦးလေးတို့လည်း မသိပါဘူး"
ဝန်ထမ်းဦးလေးကြီးက ခပ်ပြုံးပြုံးနဲ့ ဘာလို့လဲဆိုတာမသိသလိုပြောတာကြောင့်
"ဟုတ်"
တိမ်လွှာလည်း အဲ့ဦးလေးကို နှုတ်ဆက်ကာ သူတို့အတန်းရဲ့ အပေါ်ထပ်စာသင်မဲ့အခန်းဆီဆက်လာခဲ့လိုက်သည်
"အန်တီတို့ ဘာလုပ်နေတာလဲ"ײ
သူတို့အခန်းက အပေါ်ထပ်မို့ အပေါ်တက်ဖို့ လှေကားပေါ် အုပ်စုလိုက်အတက် ရှေ့ဆုံးကနေသွားတဲ့ ကြည်ဖြူ့နဲ့လင်းရောင်ဆီက မေးတဲ့အသံကြားတာကြောင့် အလယ်မှာလှေကားပေါ်တက်နေတဲ့ သူတို့သုံးယောက်သားရှေ့ကိုကြည့်လိုက်တော့
YOU ARE READING
=Equal
Teen Fiction"မရှက်ဘူးလား ကိုကိုက" "ကိုယ့်ကောင်မလေးကို ကိုယ်ကြည့်တာဘဲ ဘာလို့ရှက်ရမှာတုန်း" "သူများတွေကြည့်နေတယ်လေ" "သူတို့က ကိုယ့်ကို မနာလိုလို့ကြည့်တာ ကြည့်ပါလေ့စေ.... ကိုကိုက ဖြစ်နိုင်ရင် တစ်နေ့လုံးဘာမှမလုပ်ဘဲ ကလေးမျက်နှာလေးကိုဘဲ ထိုင်ကြည့်ချင်တာ " ______ "မရွ...