01: Desperate Situation & Reborn ...

12.2K 860 29
                                    

(Unicode)
Chapter 01 : မျှော်လင့်ချက်မဲ့ဆိုးဝါးသောအခြေအနေမှ ပြန်လည်မွေးဖွားလာခြင်း

ဟုန်ကျန့်ခေတ် ၊ ၂၄နှစ်မြောက် ...
ဒီနှစ်မှာ ရာသီဥတုက အရင်နှစ်တွေထပ်အအေးဓါတ်ပိုနေပြီး နှင်းတွေကျနေသည်မှာလည်း နေ့တိုင်း မရပ်မနား ၊ ထူပိန်းစွါပဲ ...
ဒါပေမဲ့ ဒီနေ့မှာတော့ နှင်းကျတာ နဲနဲနည်းနေခဲ့တယ် ...

နန်းတော်မြို့ရိုးနှင့် လီ ၃၀ ခန့်အကွာ တောင်တက်လမ်းတစ်နေရာတွင် မြင်းတစ်ကောင် က လူနှစ်ယောက်ကိုတင်ဆောင်ထားရင်း နှင်းချောနေသော လမ်းတွေပေါ်မှာ ခက်ခဲစွါပြေးနေ၏...

"အရှင့်သား ... မြင်းက ကျွန်တော်မျိုးတို့နှစ်ယောက်စလုံးကို မသယ်နိုင်တော့ဖူး .. ကျွန်တော့်ကို ထားခဲ့လိုက်ပါတော့..."
အနောက်မှာထိုင်နေသူထံကနေ အားနည်းဖျော့တော့သော စကားသံလေးထွက်လာခဲ့၏ ... အသံက အားနည်းဖျော့တော့နေပေမဲ့ ကြင်နာနူးညံ့မှုတို့ရောယှက်နေဆဲ...

"မလုပ်နိုင်ဖူး.. အပြင်းအထန်ဒဏ်ရာရထားတဲ့မင်းကို ဒီနှင်းတောထဲပစ်ထားခဲ့ရင် မိနစ်ပိုင်းအတွင်းမင်းသေသွားလိမ့်မယ်!"
ကျင်းရှောင် ပြန်တုံ့ပြန်ရင်း သူ့မျက်နှာပေါ်ရှိ နှင်းရည်တွေကို လက်နှင့်ခပ်ကြမ်းကြမ်းပွတ်သုတ်ဖယ်ရှားပစ်ပြီး မြင်းရဲ့ဝမ်းဗိုက်ကို ခြေထောက်နှင့်တို့ကာ ထပ်ပြေးစေ၏ ...
သူ့တို့ကိုထောင်ထဲကနေ လူတစ်စုခေါ်ထုတ်လာချိန် ၊ ထိုလူစုက တစ်ခုခုကြံစည်ချင်နေကြောင်း သူကြိုမြင်ခဲ့ပြီး ထိုအဖွဲ့ထဲက လက်ထောက်စစ်သည်တစ်ယောက်ကို အလစ်ငိုက်သတ်ကာ မြင်းကိုလုပြီး ထွက်ပြေးခဲ့ခြင်း!
ဒီတောင်ရဲ့အလွန် နယ်စပ်ကိုရောက်သည်နှင့် သူတို့လွတ်မြောက်နိုင်ပြီ !

"ကျွန်တော့်ခန္ဓာကိုယ်က မခံနိုင်တော့ပါဖူး ... အနှေးနဲ့အမြန် ကျွန်တော်က သေတော့မဲ့လူမို့ .. ကျွန်တော့်ကို မြန်မြန်ချထားခဲ့ပါ အရှင့်သား!!"
အနောက်ကလူက လေသံဖျော့ဖျော့ဖြင့် စိတ်ပူပန်စွါထပ်တောင်းဆိုတယ် .. သူတို့ လုလာခဲ့သည့်မြင်းက သာမာန်မြင်းသာဖြစ်ပြီး မြင်းကောင်းတစ်ကောင် မဟုတ်သည်မို့ ရာသီဥတုကြမ်း ၊ လမ်းကဆိုး ၊ အရွယ်ရောက်ပြီးသား လူနှစ်ယောက်ကို ရေရှည်မှာ တင်ပြီး မပြေးနိုင်တော့ဖူး ...
ဒီအတိုင်းဆက်သွားရင် .. နှစ်ယောက်စလုံး အသက်မရှင်နိုင်တော့မှာကို စိုးထိတ်မိပါသည်...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now