57 : Applying Medicine

4.6K 494 2
                                    

(Unicode)
Chapter 57 : အနောက်တိုင်းဆေးသုံးပြီ ...

"ကျွင်းချင်!!"
ကျင်းရှောင် အမြန်ပြေးပွေ့ထိန်းလိုက်ရသည်...
ဒဏ်ရာကသွေးထွက်နေရင်း သူ့ကိုပါဆူနေရတဲ့ဝမ်ဖေးလေးကြောင့် ချော့မော့ကာဖြင့် -
"စိတ်မပူပါနဲ့ ၊ ကိုယ်ကဒီအတိုင်းပြောလိုက်တာပါ'.. ဆေးထဲ့ပြီးမှ ဆက်ပြောကြရအောင်နော်"

မုဟန်ကျင်း အသက်ပြင်းပြင်းရှူနေရင်း ကျင်းရှောင်ကို လေးနက်သောအကြည့်တွေဖြင့် -
"အနောက်တိုင်းဆေး သုံးချင်တယ်!"
ပြတ်ရှဒဏ်ရာဖြစ်တာကြောင့် အမြန်ကွဲလွယ်ပြီး ပိုးဝင်လွယ်နေခြင်းက ရှေ့တန်းစစ်ချီချိန်မှာ အလုပ်မဖြစ်ပေ... အမြန်အနာကျက်မှဖြစ်မည်!

"မရပါဖူး!"
ကျင်းရှောင် သွေးစက်တွေကို လက်ကိုက်ပုဝါနုနုဖြင့် သန့်ရှင်းပေးပြီး ကျောက်စိမ်းဆေးပုလင်းထဲကဆေးကိုသာ သွေးအမြန်တိတ်စေဖို့သုံးပေးလိုက်သည် ...
"ကိုယ်တို့ မနက်ဖြန်တစ်ရက်နားရင်တောင် ရှေ့တန်းကိုအချိန်မှီရောက်တယ် ... မဟုတ်လည်း ရိက္ခာတွေကို လူလွတ်ပို့ပေးလိုက်ရင်ဖြစ်တယ်လေ"

မုဟန်ကျင်း မျက်လုံးစုံမှိတ်ချလိုက်တော့ကာ -
"ပင်မအင်အားစုက စစ်ချီရာမှာနောက်ကျန်နေခဲ့လို့မှမရပဲ... ဝမ်ရယ်အခုလိုဆက်ပြီးခေါင်းမာနေရင် ၊ ခမည်းတော်မင်းကြီးအပြစ်တင်လာတဲ့အချိန် ကျွန်တော်ရှေ့ထွက်ပြီး အပြစ်ခံယူမယ်"

"ကျွင်းချင်ရာ..."
မုဟန်ကျင်းနှုတ်ကနေ အပြစ်ခံယူမယ်ဆိုသည့်စကားတွေက ကျင်းရှောင်ကို ရင်နာစေသည်... ခွင့်လည်းမပြုနိုင်ပါဖူး!!
ကျင်းရှောင် မပွင့်တပွင့်ဖြင့် -
"စစ်ရေးမှာဘာတွေဖြစ်လာမယ်ဆိုတာ ကိုယ်ကောင်းကောင်းကြီးသိထားပါတယ်..."

"ကောင်းကောင်းကြီးသိတယ်?!"
မုဟန်ကျင်း မျက်လုံးတွေဖွင့်ပြီး ကျင်းရှောင်ကို စိုက်ကြည့်ကာ -
"စစ်မြေပြင်ဆိုတာ အချိန်နဲ့အမျှပြောင်းလဲနေတာ ၊ တချို့အရာတွေကို ဝမ်ရယ် ကြိုခန့်မှန်းကောင်းခန့်မှန်းနိုင်ပေမဲ့ ... ဝမ်ရယ်က တပ်စခန်းတစ်ခုလုံးရဲ့ စစ်ဦးစီးချုပ်လေ!! ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအတွက်နဲ့ တပ်သား ၁သိန်း ကို ပစ်ပယ်ချင်တာနေတာလား!!"

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now