05 : Fever

7.8K 692 12
                                    

(Unicode)
Chapter 5 : အဖျားရှိနေခြင်း

ကွာရှင်းပေးရမယ်???
ကျင်းရှောင် ကြားကြားချင်း ကြက်သေသေသွားရပြီး အသိပြန်ဝင်လာချိန် နှာတစ်ချက်မှုတ်ကာ -
"မင်းက ယောကျာ်းသားတစ်ယောက်မို့ အိမ်ထောင်ရေးတစ်ခုကနေ ကွာရှင်းလိုက်ချိန် နာမည်ပျက်ရှိသွားမှာတော့မဟုတ်ပေမဲ့ ... နန်းတွင်းအရာရှိစာမေးပွဲတွေကိုဝင်ဖြေခွင့်မရှိတာကတော့ ပြောင်းလဲသွားမှာမဟုတ်ဖူး"

"အဲ့ဒီတော့ ဝမ်ရယ်က ဘယ်လိုဆက်နေကြဖို့တွေးထားလဲ?"
မုဟန်ကျင်း ကျင်းရှောင်ကို အေးစက်စွါစိုက်ကြည့်ပြီးမေးလိုက်သည်... ဒီလူက ငါ့ကို နေ့စဉ်နဲ့အမျှနှိပ်စက်ဖို့ကြံစည်နေတာလား?? လုံးဝလက်သင့်ခံမည်မဟုတ်!

"ကိုယ့်အနေနဲ့ နန်းမွေဆက်ခံဖို့ မဖြစ်နိုင်တော့သလို မင်းလည်း စာမေးပွဲတွေဝင်ဖြေခွင့်မရှိတော့ဖူး .. ဆိုတော့ ကိုယ်တို့ချင်း ကြေ ပြီလေ"
ကျင်းရှောင် က ဆွဲဆောင်အားအပြည့်ထဲ့ထားသောအသံဖြင့် အမှန်အကန်ပြော၏..

"...အာ??"
မုဟန်ကျင်း မိနစ်တချို့ကြာသည်အထိ ကြောင်အသွားရကာ သူ့ရဲ့အေးစက်စက်ပုံစံလုပ်ယူထားသောမျက်နှာသည်လည်း အနဲငယ်ယိုယွင်းသွားခဲ့တယ်...
ပါးစပ်လေးကလည်း 'O' (အို) ပုံသဏ္ဍာန်ဟောင်းလောင်းလေးပွင့်လို့ ....
မုဟန်ကျင်း ခပ်အူအူပုံစံလေးဖြစ်သွားတာကို ကျင်းရှောင် သဘောတွေကျကာ လက်ညှိုးလေးနှင့် ပါးဖောင်းဖောင်းလေးကို တို့ဖို့ကြံရွယ်လိုက်ချိန်မှာပဲ -

"ဝမ်ရယ် ... ဝမ်ဖေးအတွက် ဆေးကျိုလာခဲ့ပြီရှင့်!"

မုဟန်ကျင်းကို အငိုက်ဖမ်း တို့ထိချင်တဲ့ ကျင်းရှောင်ရဲ့ စိတ်ကူးအိမ်မက်လေးတွေက မုန့်ရှီး ရဲ့ အော်သံအောက်မှာ လွင့်စင်ပျောက်သွားရတာကြောင့် ကျင်းရှောင် အလိုမကျစွါမျက်မှောင်ကြုတ်လျက်နှင့်ပင် မုန့်ရှီးကို အခန်းထဲဝင်ခွင့် ပေးလိုက်ရသည်..
မုဟန်ကျင်းက ဘာမှမဖြစ်ခဲ့သလို မသိချင်ယောင်ဆောင် ခေါင်းလှည့်ထား၏...
မုန့်ရှီး ပြုံးစစဖြင့် ဆေးဗန်းကိုင်ကာ ဝင်လာခဲ့ရင်း -
"ဝမ်ရယ် ... ဝမ်ဖေးကို ဒီအစေခံ ဆေးတိုက်လိုက်ပါအူးမယ်ရှင့်"
မုန့်ရှီး ဗန်းကို စားပွဲပေါ်ချကာ ဆေးခွက်ပူပူကို ကောက်ယူပြီး ကျင်းရှောင်ထံ အရင်ခွင့်တောင်းလိုက်တော့ ကျင်းရှောင်က ဆေးခွက်ကို ယူလိုက်ပြီး မုန့်ရှီးကို လက်ခါပြကာ အသံတိတ်နှင့် အပြင်ထွက်သွားစေသည်..

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now