62 : Relief

4.9K 512 1
                                    

(Unicode)
Chapter 62 : စိတ်သက်သာရာရသည်

"နှစ်ကူးအမှီမြို့တော်ပြန်ပြီးပွဲတော်နွှဲချင်လို့"
ကျင်းရှောင်ခေါင်းငုံ့စာရေးနေရင်းနဲ့ပဲ တုံ့ပြန်လိုက်တယ်... အရှေ့တောင်ဒေသက အနှေးနဲ့အမြန်တိုက်ပွဲဖြစ်လာတော့မှာဆိုပေမဲ့ မြန်မြန်ဖြစ်လာလေ ၊ ကောင်းလေပဲ! တပ်ဖွဲ့ကြီးတစ်ခုလုံးကို အချိန်နှေးဖင့်နေစေပြီး ပြန်ရုတ်သိမ်းပြီးမှ ရှေ့တန်းအမိန့်စာထပ်ထွက်လာရင် တပ်သားတွေအကုန်စိတ်အဆင်မပြေဖြစ်လာမည်...

အနောက်တောင်နှင့်အရှေ့တောင် နယ်မြေနှစ်ခု ပြန်လည်သိမ်းယူမဲ့ကိစ္စကို အချိန်အကြာကြီးဆွဲနေလို့မသင့်ဖူး.. ဒါတင်မက ရှူ ၊ ရှင်း နှင့် ချင် တပ်ဖွဲ့တွေကို တိုက်ပွဲပြီးသည်နှင့်ပြန်လွတ်ပေးချင်သည်...
အရင်ဘဝကရခဲ့သည့်အတွေ့အကြုံတွေက အသုံးဝင်နေဆဲဖြစ်ပြီး အနောက်တောင်ဒေသကိုပင် ၂လအတွင်း အပြီးသိမ်းပိုက်နိုင်ခဲ့သည်...
အရှေ့တောင်ကိုလည်းဒီနှုန်းအတိုင်းသာဆို နှစ်သစ်ကူးမတိုင်မှီ မြို့တော်ပြန်ရောက်နိုင်မည်...
ဒါတင်မက ဆောင်းရာသီတွင်မြို့တော်မှာ သူအရေးကြီးလုပ်စရာကိစ္စတစ်ခုရှိတယ်!

ခါးမှာချိတ်ထားသည့်ရတနာဓါးကို မုဟန်ကျင်း ငုံ့ကြည့်ရင်း နှုတ်ခမ်းတင်းတင်းစေ့ဖိလျက် -
"လျှို့ဝှက်ခန်းအကြောင်း ရှောင် ဘယ်လိုလုပ်သိနေခဲ့တာလဲ?"

"ဒါက..."
စာရေးနေသည့် ကျင်းရှောင်လက် ရပ်တန့်သွားရကာ ... သေစမ်း!
ကျွင်းချင် ကို လက်ဆောင်ပေးချင်ဇောနဲ့ ဇွတ်တွေလုပ်ခဲ့မိတာ... သတိတစ်ချက်လွတ်သွားခဲ့တယ်!
ကျင်းရှောင် ဘာမှမဖြစ်သလို စာပြန်ဆက်ရေးပြီး၊ရုပ်တည်ဖြင့် -
"ဒါကလည်း ကိုယ့်ဘိုးဘေးတွေထားခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုပါ"
ကျင်းရှောင်တို့ရဲ့ဘိုးဘေးဧကရာဇ်က ဥာဏ်ပညာကြီးမားသူဖြစ်တာကြောင့် ဒါကဖြစ်တန်ချေရှိသည်လေ...

တည်ငြိမ်နေသော ကျင်းရှောင်ရဲ့ဘေးတိုက်မျက်နှာကို မုဟန်ကျင်းအကဲခတ်လို့... လျှို့ဝှက်အခန်း လျှို့ဝှက်ချက်ကို ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းရလာတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ... ကျားသွားတောင်ကြားလမ်း ၊ ရှန်ကျင်းတောင်ကြားလမ်းမှာ ဘယ်နေရာဘာဖြစ်မယ်ဆိုတာတွေကို သိနေတာကြီးကျ...
ကျောက်မုန့်ကိုပေးလိုက်သည့်ရှူံ့အိတ်ထဲကစာတွေသည် ကျင်းရှောင် ပြောသည့်စကားလုံးတွေကို မုဟန်ကျင်းအနဲငယ်ပြန်စီကာ ရေးပေးလိုက်ခြင်းဖြစ်တယ်...
အကုန်လုံးက ကျင်းရှောင်ခန့်မှန်းထားသည့်အတိုင်းဖြစ်လာသည်...
ဒါပေမဲ့ ဒီရက်တွေတောက်လျှောက် သူလျှိုတွေ၊ဘာတွေဆီကနေ စာရောက်တာမျိုးတွေလည်း မုဟန်ကျင်း မမြင်ခဲ့မိပါဖူး... ...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမHikayelerin yaşadığı yer. Şimdi keşfedin